နေပြည်တော် – မေ(၂)

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်းဟာ ဒီနေ့ မေလ(၂) ရက်နေ့မှာ နေပြည်တော်ကို ရောက်လာမှာဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပြင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ဝါဒဖြန့်မီဒီယာတွေမှာဖော်ပြထား ပါတယ်။

ပြီးခဲ့တဲ့ မေလ(၁) ရက်နေ့က မစ္စတာချင်ကန်းဟာ ဘေဂျင်းမှာ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်ဟေဇာနဲ့ တွေ့ဆုံထားပြီး အဲဒီ တွေ့ဆုံပွဲမှာ ပြည်တွင်းပြည်ပ အကြောင်းတရားတွေကြောင့် မြန်မာနိုင်ငံ ပြဿနာဟာ ရှုပ်ထွေးပြီး အမြန်ဖြေရှင်းနိုင်ဖို့မလွယ်ကူဘူးလို့ ပြောထားပါတယ်။

ဒါ့အပြင် မြန်မာ့အချုပ်အခြာအာဏာကို လေးစားလိုက်နာဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို သတိ ပေးခဲ့ပြီး သဘောထားကွဲလွဲမှုတွေကို ပေါင်းကူးကာ နိုင်ငံရေးဆွေးနွေးမှုတွေက တဆင့် နိုင်ငံရေး အသွင်ကူးပြောင်းမှုဖြစ်စဉ်ကို ပြန်လည်စတင်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ဥပဒေဘောင်အတွင်း မြန်မာနိုင်ငံမှာရှိတဲ့ ပါတီအားလုံးကို ထောက်ခံအားပေးဖို့လည်း ပြောခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ် ဓာတ်ပုံ – Getty Imagesပုံစာ – ပြီးခဲ့တဲ့ ဧပြီလ(၁၆) ရက်နေ့ကတရုတ်ကွန်မြူနစ်ပါတီနိုင်ငံတကာဆက်ဆံရေး ညွှန်ကြားရေးမှူးချုပ်နဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေတွေ့ဆုံစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.