မဲဆောက် – မေ(၂)

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား လူငယ်နှစ်ဦးကို သေနတ်(၂) လက်နဲ့အတူ ဖမ်းဆီးရမိခဲ့ တယ်လို့ မဲဆောက်ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မေလ(၁) ရက်နေ့ ညနေပိုင်းက မဲဆောက်မြို့ အုံးဖြန်ကားလမ်းမအတိုင်း ဆိုင်ကယ်မောင်းနှင်လာတဲ့ လူငယ်နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးချိန်မှာ လက်နက်တွေနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသားနှစ်ဦးနဲ့အတူ AK-47 သေနတ်(၁)လက်၊ ပါကင်ဗူးနဲ့ထည့်ထားတဲ့ သေနတ် အရှည်(၁)လက်တို့ကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သူတို့နှစ်ဦးကို မဲဆောက်မြို့နယ်ရဲစခန်းမှာ တရားမဝင်လက်နက် ကိုင်ဆောင်မှုနဲ့ အမှုဖွင့်ထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ရဲစခန်းနဲ့နီးစပ်သူတစ် ဦးက ပြောပါတယ်။

မြန်မာအများစု အခြေချနေထိုင်တဲ့ မဲဆောက်မြို့မှာ ထိုင်းအာဏာပိုင်တွေက လုံခြုံရေး တင်းကျပ် ထားသလို တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ မဲဆောက်မြို့ကို လာရောက်ခိုလှုံနေကြတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.