ဒမာစကပ် – မေ(၂) 

ဆီးရီးယားမှာ IS အဖွဲ့ခေါင်းဆောင် အဘူဟူစိန် အယ်ကရီရှီကို တူကရီထောက်လှမ်းရေးတပ်ဖွဲ့ တွေက ရှင်းလင်းခဲ့တယ်လို့ တူရကီသမ္မတ အာဒိုဂန်က အတည်ပြုပြောခဲ့ပါတယ်။ 

IS အဖွဲ့ခေါင်းဆောင် အဘူဟူစိန် အယ်ကွာရီရှီကို တူရကီထောက်လှမ်းရေးအဖွဲ့က အချိန် အတော်ကြာအောင် လိုက်ရှာခဲ့ရသလို စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းအနေနဲ့  ဧပြီလ(၃၀) ရက်နေ့က ရှင်းလင်းခဲ့တာဖြစ်တယ်လို့ အာဒိုဂန်က TRT Turk ရုပ်သံနဲ့ အင်တာဗျူးမှာ ပြောခဲ့တာ ပါ။ 

ဆီးရီးယားမြောက်ပိုင်းရှိ ဂျန်ဒါရစ်မြို့က အဲဒီစီးနင်းတိုက်ခိုက်မှုကို တူရကီ ကျောထောက်နောက် ခံပေးထားတဲ့ သောင်းကျန်းသူအဖွဲ့တွေက  ထိန်းချုပ်ထားတာဖြစ်ကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၆) ရက်နေ့က တူရကီနဲ့ ဆီးရီးယားနိုင်ငံတို့မှာ အဆိုးရွားဆုံး ငလျင်လှုပ်ခပ်ခဲ့တဲ့ နေရာဖြစ်တယ်လို့ ဆီးရီးယားပြည်တွင်းနဲ့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။ 

ပေါက်ကွဲသံ မကြာရခင် အထိ ညလုံးပေါက် ဂျန်ဒါရစ်မြို့ အစွန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နောက် ပိုင်းမှာ အဲဒီနေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းရံထားပြီး ဘယ်သူမှ အနားမကပ်စေဖို့ တားဆီး ထားတယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။ 

ဆီးရီးယားတောင်ပိုင်း စစ်ဆင်ရေးတစ်ခုမှာ အရင် IS ခေါင်းဆောင်သေဆုံးပြီးနောက် အယ်ကွာရီရှီကို IS ခေါင်းဆောင်အဖြစ် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ရွေးချယ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ 

အစ္စလာမ္မစ်နိုင်ငံတော်ဟာ ၂၀၁၄ ခုနှစ်မှာ အီရတ်နှင့် ဆီးရီးယား နိုင်ငံ အနှံ့အပြားကို သိမ်းပိုက်ခဲ့ပြီး အဲဒီအချိန်က ခေါင်းဆောင် အဘူဘာဂါ အယ်ဘတ်ဒါဒီဟာ သန်းနဲ့ချီတဲ့ နယ်မြေတွေအနှံ့ အစ္စလာမ္မစ် ကလီဖိတ်အဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် ဆီးရီးယားနဲ့ အီရတ်ရှိ အမေရိကန် ကျောထောက်နောက်ခံပြုတပ်ဖွဲ့တွေနဲ့ အီရန်၊ ရုရှားနဲ့ အရံတပ်ဖွဲ့ အသီးသီးက ကျောထောက်နောက်ခံပြုထားတဲ့ ဆီးရီးယားတပ်ဖွဲ့ အများ အပြား စစ်ဆင်ရေး အပြီးမှာ IS တို့ဟာ သူတို့ရဲ့ နယ်မြေ သိမ်းပိုက်မှုကို ပြန်လည်လက်လွှတ်ခဲ့ရ တာဖြစ်တယ်လို့ သိရပါတယ်။ 

IS လက်ကျန်ထောင်နဲ့ချီတဲ့ စစ်သွေးကြွတွေဟာ မကြာသေးခင်နှစ်တွေအတွင်း အများစုမှာ နှစ်နိုင်ငံလုံးရဲ့ ဝေးလံခေါင်သီတဲ့ ကုန်းတွင်းပိုင်းတွေမှာ ပုန်းအောင်းနေကြပေမယ့် ကြီးမားတဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်နိုင်စွမ်းရှိနေတယ်လို့ သိရပါတယ်။ 

အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့နဲ့အတူ ကာ့ဒ်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဖြစ်တဲ့ ဆီးရီးယားဒီမိုကရတ်တစ်အဖွဲ့(SDF) ဟာ ဆီးရီးယားမှာရှိတဲ့ IS ထိပ်ပိုင်းခေါင်းဆောင်တွေကို စီးနင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။ 

တူရကီရဲ့ ဩဇာလွှမ်းမိုးမှု ကြီးမားတဲ့ နေရာတွေမှာ IS ထိပ်ပိုင်းအရာရှိတွေ ပုန်းအောင်းနေချိန်မှာ တိုက်ခိုက်ခဲ့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.