April 2023

DarkShadow (YGN UG) Page အတုထွက်၊ သင်္ကြန်နှင့်ပတ်သက်သည့် တားမြစ်ချက်အတုတင်ထား(အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “DarkShadow (YGN UG)အဖွဲ့မှ နောက်ဆုံးအကြိမ်အဖြစ်ထပ်မံသတိပေးပါမည်”ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ပေ့ချ်အတုတစ်ခုဖြစ်တဲ့ DarkShadow ဖေ့ဘုတ်အကောင့်ကနေ…

ထားဝယ်ခရိုင်သပိတ်ဦးဆောင်သူ ကိုမင်းလွင်ဦးကို ကျပ်သိန်း ၃၀၀နဲ့ စစ်ကောင်စီဆုကြေးထုတ်

ထားဝယ်၊ ဧပြီ(၁၃) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သပိတ်ကော်မတီဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုမင်းလွင်ဦးကို ကူညီဖမ်းဆီးသတင်းပေးနိုင်သူတွေကို ဆုကြေးငွေကျပ်သိန်း ၃၀၀ ချီးမြှင့်သွားမယ်လို့ စစ်ကောင်စီ ထားဝယ်ခရိုင်လုံခြုံရေးနဲ့ အေးချမ်းတည်ငြိမ်မှုဖော်ဆောင်ရေးအဖွဲ့က ဧပြီ ၁၂ ရက်နေ့မှာ ကြေညာပါတယ်။ စစ်ကောင်စီကတော့ ကိုမင်းလွင်ဦးဟာ လောင်းလုံးမြို့နယ်အတွင်း နယ်မြေအေးချမ်းမှု ထိခိုက်စေဖို့ လူငယ်တွေကို စည်းရုံးပြီး ဆန္ဒပြဆူပူလှုံ့ဆော်မှုတွေ ဆောင်ရွက်နေသူဖြစ်တဲ့အတွက် ကူညီဖမ်းဆီးပေးသူတွေကို ဆုငွေချီးမြှင့်သွားမယ်ဆိုတဲ့ ကြေညာစာရွက်တွေကို လောင်းလုံးမြို့ပေါ်…

ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရ

ရေး၊ ဧပြီ(၁၃) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရတာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၁၁ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ရုံးအရှေ့မှာရှိနေတဲ့…

စစ်အာဏာသိမ်း (၈၀၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၂၄၀ ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ(၁၃) AAPP ရဲ့ ဧပြီ(၁၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၈၀၁)ရက်အတွင်း ပြည်သူ (၃၂၄၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၃၄၈ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၆၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်ပွဲတော်ကို ပါဝင်မှာမဟုတ်ဘူးလို့ မော်လမြိုင်မြို့ခံတွေပြော

မော်လမြိုင်၊ ဧပြီ(၁၃) ပြည်သူတွေကို နည်းမျိုးစုံသုံးပြီး အကြမ်းဖက်ဖိနှိပ်ညှဉ်းပန်းသတ်ဖြတ်နေတဲ့ စစ်ကောင်စီဦးဆောင်ကျင်းပတဲ့ သင်္ကြန်ပွဲတော်ကို လူသားချင်းစာနာမှုနဲ့ ပါဝင်သွားမှာမဟုတ်ဘူးလို့ မော်လမြိုင်မြိုခံတွေက ပြောဆိုလိုက်ပါတယ်။ မွန်ပြည်နယ်စစ်ကောင်စီဟာ သင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် မော်လမြိုင်ကမ်းနား လမ်းတလျှောက်မှာ ဗဟိုမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်နဲ့ ရေကစားမဏ္ဍပ်တွေကို ငွေကျပ်သိန်းပေါင်းများစွာ ကုန်ကျခံပြီး ပြင်ဆင်ထားတာပါ။ ဒါ့အပြင် ဗဟိုမဏ္ဍပ်မှာဖျော်ဖြေဖို့အတွက် မြန်မာပြည်သိန်းတန်အပါအဝင် အဆိုတော်တချို့ကိုလည်း ငှားရမ်းထားသလို မော်လမြိုင်ရာမညပန်းခြံမှာလည်း လမ်းလျှောက်သင်္ကြန်…

KNU ညောင်လေးပင်ခရိုင်က ဒေသခံ ၂၀၀၀ ကျော် ထပ်မံထွက်ပြေးနေရ

ညောင်လေးပင်၊ ဧပြီ(၁၃) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ကျေးရွာ(၂)ရွာက ဒေသခံပြည်သူဦးရေ (၂၀၀၀) ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၁၁)ရက်နေ့က စစ်ကောင်စီ ဘောကထာတပ်စခန်းကနေ ကျောက်ကြီးမြို့နယ်အ တွင်းရှိ မဘီကျေးရွာထဲကို လက်နက်ကြီး(၅)လုံး ပစ်ခတ်ခဲ့ရာ (၅)လုံးအနက် (၄)လုံးပေါက်ကွဲခဲ့ပြီး…

သထုံနဲ့ဘီးလင်းမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး

သထုံ၊ ဧပြီ(၁၃) မွန်ပြည်နယ်၊ သထုံနဲ့ဘီးလင်းမြို့နယ်တို့မှာ ဧပြီ ၁၂ ရက်နေ့က နယ်မြေကျော် စစ်ရေးဝင်ရောက်လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတာကြောင့် ၆ ဦး သေဆုံးပြီး၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၈ နာရီလောက်မှာ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ ဘုန်းကြီးကျောင်းအနီး ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်ကောင်စီတပ်ကို…

ပဇီကြီးလေကြောင်းတိုက်ခိုက်မှု ကုလနဲ့နိုင်ငံတကာ အပြင်းအထန်ရှုတ်ချ

ကန့်ဘလူ၊ ဧပြီ(၁၃) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်အပါအဝင် လူပေါင်းဒါဇင်ချီ သေဆုံးခဲ့မှုအပေါ် ကုလသမဂ္ဂတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းက စစ်ကောင်စီကို အပြင်းအထန် ပြစ်တင်ရှုတ်ချပါတယ်။ စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်မှုအားကောင်းတဲ့ နယ်မြေတစ်ခုဖြစ်တဲ့ ပဇီကြီးကျေးရွာမှာ ဧပြီ ၁၁ ရက်နေ့ မနက်အစောအပိုင်းက ပ.က.ဖ ရုံးဖွင့်ပွဲ ကျင်းပနေချိန်မှာ စစ်ကောင်စီလေတပ်ကနေ Jet Fighter…

ယူကရိန်းသမ္မတ ဇီလန်စကီးက အိန္ဒိယဝန်ကြီးချုပ်မိုဒီထံစာရေးပြီး အကူအညီတောင်းခံ

နယူးဒေလီ၊ ဧပြီ(၁၃) ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတွေအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အ ပံ့တွေ အိန္ဒိယအစိုးမှ ထပ်မံရရှိဖို့အတွက် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီထံလိပ်မူတဲ့ အကူညီတောင်းခံစာကို သမ္မတဇီလန်စကီးက ပေးပို့ခဲ့ကြောင်း ယူကရိန်းနိုင်ငံခြားရေး ဒုဝန်ကြီး အီမီနီ ဇာပါရိုဗာက ပြောပါတယ်။ ဧပြီလ ၁၀ ရက်ကနေ ၁၂ ရက်အထိ အိန္ဒိယနိုင်ငံသို့ တရားဝင်အလည်အပတ်ရောက်ရှိနေတဲ့ ဝန်ကြီးဟာ ယူကရိန်းသမ္မတမှ မိုဒီထံသို့ လိပ်မူထားတဲ့စာကို…

အမေရိကန်လုံခြုံရေးအဆင့်သတ်မှတ်ထားတဲ့ စာရွက်စာတမ်းပေါက်ကြားမှု ပြင်းထန်စွာ အရေး ယူမယ်လို့ဆို

ဝါရှင်တန် – ဧပြီ(၁၃) လုံခြုံရေးအဆင့်သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေ ယူကရိန်း၊ အစ္စရေးနဲ့ တခြားနိုင်ငံတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်ပျံ့နှံ့သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဖို့ စုံစမ်းစစ်ဆေးမှု တွေ ရပ်တန့်သွားမှာမဟုတ်ဘူးလို့ ကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြုစုထားတဲ့ ထိရှလွယ်ပြီး လုံခြုံရေးအဆင့်သတ်မှတ် ထားတဲ့ အကြောင်းအရာတွေ ခွင့်ပြုချက်မရှိဘဲ ထွက်ပေါ်လာတာဖြစ်တယ်လို့ ဆိုခဲ့တာပါ။ တရားရေးဦးစီးဌာနက စုံစမ်းစစ်ဆေးရေး…