မြဝတီတိုက်ပွဲမှာ PDF ရဲဘော် ၅ ဦးကျဆုံးပြီး ၈ ဦးဒဏ်ရာရ
မြဝတီ၊ ဧပြီ၊ (၁၄) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့အနီးမှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစပြီး ဧပြီလ(၁၂)ရက်နေ့အထိ စစ်ကောင်စီတပ် နယ်ခြားစောင့်တပ် BGF နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့ တို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း PDF ရဲဘော် ၅ ဦး ကျဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၅)ရက်နေ့က မြဝတီကုန်သွယ်ရေးဇုန်တိုက်ပွဲကနေစတင်ပြီး မြဝတီမြို့အနီးတဝိုက်မှာ…