စစ်ကောင်စီ တပ်သား ၄ ဦး KNLA ထံ လက်နက်ချ အလင်းဝင်
ဖာပွန်၊ ဧပြီ (၂၀) ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းက တပ်သား(၄)ဦးဟာ လက် နက် ခဲယမ်းနဲ့အတူ KNLA တပ်မဟာ(၅)ထံ လက်နက်ချအလင်းဝင်ရောက်လာခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ(၁၀)ရက်နေ့က KNU ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းတပ်စခန်းတစ်ခုဖြစ်တဲ့ လယ်တိုးစခန်းက စစ်ကောင်စီတပ်သား(၄)ဦးဟာ MA-1 (၄)လက်၊ ကျည်ဆံအပြည့်ပါကျည်ဘောက်(၁၆)ချပ်၊ လက်ပစ်ဗုံး(၂)လုံးနဲ့ ခွင်းဗုံး(၅)လုံး ယူဆောင်လာပြီး…