TLT Tv||- ၂၀၂၃ ခုနှစ် ဧပြီလ (၂၁) ရက် သောကြာနေ့ ည(၈)နာရီ သတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/gimZ28d84qk
https://youtu.be/gimZ28d84qk
ကော့သောင်း၊ ဧပြီ(၂၁) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဆိပ်ဖူးကျေးရွာရှိ စစ်ကောင်စီသြဇာခံပြည်သူ့စစ် ခေါင်းဆောင် ၂ ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသခံတွေကို လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်ခေါင်းဆောင် ၂ ဦး ပစ်သတ်ခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဒေသခံတွေကို လိုက်လံဖမ်းဆီးနေတာပါ။…
မော်လမြိုင်၊ ဧပြီ(၂၁) AAPP ရဲ့ ဧပြီ(၂၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၈၀၉)ရက်အတွင်း ပြည်သူ (၃၄၂၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၄၆၇ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၈၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…
မော်လမြိုင်၊ ဧပြီ(၂၁) မြန်မာနိုင်ငံ အထက်အညာဒေသနဲ့ နိုင်ငံတဝန်းမှာ အပူချိန်သိသိသာမြင့်တက်လာတဲ့အတွက် အပူရှပ်သေဆုံးနိုင်တဲ့အခြေအနေတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူတွေအနေနဲ့ အထူးသတိထား သွားလာနေထိုင်ကြဖို့ ဆရာဝန်တွေက တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလဒုတိယအပတ်ကစပြီး မြန်မာနိုင်ငံ အထက်အညာဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေ့အပူချိန်ဟာ ၄၅ ဒီဂရီစင်တီဂရိတ် မြင့်တက်လာခဲ့သလို မြန်မာအရှေ့တောင်ပိုင်းနဲ့ ကျန်ဒေသအများစုမှာလည်း နေ့အပူချိန်ဟာ ၃၇ ဒီဂရီစင်တီဂရိတ်လောက်အထိ…
ရေး၊ ဧပြီ(၂၀) တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးရဲ့ စစ်အာဏာရှင်စနစ် အ မြစ်ပြတ်ရေးတိုက်ပွဲအတွက် မွန်လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်နက်ခဲယမ်းလိုအပ်ချက် ကြီးမားနေဆဲလို့ အဖွဲ့တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာနေချိန်မှာ ဒေသကာကွယ်ရေး လက်နက်ကိုင်တပ်ဖွဲ့ပေါင်း ၅၀၀…
ပုလော၊ ဧပြီ(၂၁) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ထဲက ကျေးရွာတချို့မှာ စစ်ကောင်စီရဲ့ သယ်ယူခွင့်ကန့်သတ်ချက်တွေကြောင့် ဆန်နဲ့အခြေခံစားသောက်ကုန်တွေ စတင်ပြတ်လပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ပုလောမြို့နယ်အဝင်အထွက် နေရာတွေနဲ့ ကျေးရွာတွေကိုသွားတဲ့ လမ်းပိုင်းတွေမှာ စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီး စားနပ်ရိက္ခာသယ်ယူခွင့်ကို တင်းကျပ်ထားသလို ဆန်နဲ့ဆေးဝါးသယ်ယူခွင့်ကို ကန့်သတ်ထားတာပါ။ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် အခုဧပြီ တတိယအပတ်ကစပြီး…
မြဝတီ၊ ဧပြီ(၂၁) တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့ နယ် မဲကနယ်ဒေသ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်လာတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကနေ သိရပါတယ်။ KNU တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ မြဝတီမြို့နယ် တောင်ဘက်ခြမ်းက မဲကနယ်ကျေးရွာအနီးမှာ စစ်ကောင်စီ BGF ပူးပေါင်းတပ်နဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေသလို…
နယူးဒေလီ၊ ဧပြီ(၂၁) အိန္ဒိယနိုင်ငံဟာ အခုနှစ်လယ်ပိုင်းမှာ လူဦးရေ ၃သန်းကျော်ပိုမိုများပြားလာပြီး ကမ္ဘာ့လူဦးရေအများဆုံး နိုင် ငံအဖြစ် တရုတ်နိုင်ငံကို ကျော်တက်သွားမယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။ UNFPA က ထုတ်ပြန်ထားတဲ့ State of World Population Report 2023 မှာ အိန္ဒိယရဲ့ လူဦးရေဟာ ၁.၄၂၈၆ ဘီလီယမ်အထိရှိပြီး တရုတ်ကတော့ ၁.၄၂၅၇ ဘီလီယမ်…
ဂျကာတာ – ဧပြီ(၂၁) အင်ဒိုနီးရှားမှာ ကိုဗစ် ကန့်သတ်ချက်တွေ တရားဝင်ရုပ်သိမ်းပြီးနောက်အီးဒ်ပွဲတော် အားလပ် ရက်မှာ အိမ်ပြန်ခွင့်ရဖို့ပြည်သူ(၁၂၃) သန်းကျော် မျှော်လင့်နေတဲ့အတွက် ဒီနှစ်ဟာ အလုပ် အများဆုံး ဖြစ်နိုင်တယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ နေရပ်ပြန်ကြမယ့် သူတွေဟာ ကုန်းကြောင်း၊ရေကြောင်းနဲ့ လေကြောင်းတွေကို အသုံးပြုပြီး သွားလာကြမှာဖြစ်တယ်လို့ ဝန်ကြီးဌာနက ဆိုထားပါတယ်။ ဒီနှစ်ကျရောက်တဲ့ အထိမ်းအမှတ်ပွဲတော်ဟာ ကိုဗစ်ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးကြိမ်…
ကွာလာလမ်ပူ – ဧပြီ(၂၁) မလေးရှားနိုင်ငံသားတစ်ဦးဟာ တက္ကသိုလ် စာမေးပွဲ(၃) ကြိမ်ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့အတွက် မိမိကိုယ်ကို မီးရှို့ကာ ယာဉ်အသွားအလာရှုပ်ထွေးတဲ့ လမ်းမပေါ် ပြေးထွက်ခဲ့တယ်လို့ သိရပါတယ်။ အသက်(၂၄) နှစ်အရွယ် ဥပဒေကျောင်းသားရဲ့ အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာဟာ အသက် သေဆုံးတာမရှိခဲ့ဘဲ မတော်တဆမှုအဖြစ်နဲ့သာ အဆုံးသတ်ခဲ့တာပါ။ စောင့်ကြည့်ရေး ဓာတ်ပုံတွေရဲ့ ပြသချက်အရ မီးခြစ်အသုံးပြုပြီး မီးရှို့မှုမဖြစ်ပွားခင်မှာ အဲဒီကျောင်းသားဟာ…