“အဓိကကတော့ တပ်သားသစ်စုဆောင်းဖို့ မက်လုံးတစ်မျိုးပေါ့။ အသက်မပြည့်တဲ့သူ တွေကို ဆွဲဆောင်တဲ့  ပုံစံမျိုးပါပဲ”

-ဒီလေကြောင်း၊ ရေကြောင်း အခြေခံသင်တန်းပေးနေမှုက ဘယ်လို ရည်ရွယ်ချက်တွေ ရှိနေမလဲ။ စစ်ကောင်စီ ကိုယ်တိုင်က လေကြောင်းမှာဆိုရင် နိုင်ငံတော်ကာကွယ်ရေးမှာ အထောက်အကူဖြစ်လာစေဖို့ဆိုပြီး ပြောထား တဲ့အတွက် သုံးသပ်ပေးပါဦး။

ရေကြောင်းနဲ့လေကြောင်းလူငယ်သင်တန်းဖွင့်ရတာက အခုလက်ရှိကြည်း၊ ရေ၊ လေအကုန်လုံးပါပဲ။ အင်အားစု ဆောင်းရ ခက်ခဲလာတယ်။ အဲဒီလို ခက်ခဲလာတဲ့အချိန်မှာ အသက်မပြည့်သေးတဲ့ ၁၄၊၁၅ကလေးလေးတွေကို လေတပ်ဆိုလည်း လေယာဉ်နဲ့ ပတ်သက်တာတွေ၊ သာမန်အရပ်သားတွေအနေနဲ့ လေယာဉ်တွေက သူတို့အ တွက် စိတ်ဝင်စားစရာ မက်လုံးပေးဆွဲဆောင်တယ်။ လေကြောင်းလူငယ်တွေမှာသုံးတဲ့ ကျောပိုးအိတ်ကအစ ထုတ်ပေးတယ်။ စားစရာ၊ နေစရာ၊ လည်ပတ်စရာ သေချာကိုလုပ်ပြီး ဒါမျိုးလိုက်ပြီးလုပ်တယ်။  တပ်သားသစ် စုဆောင်းဖို့အတွက် စည်းရုံးရေးတစ်မျိုးပေါ့။ ကျွန်တော်သိတာတော့ အရင်တုန်းကတော့ အရပ်သားတွေလည်း ပါတယ်။ အရပ်ဖက်ပေါ့။ အခုနောက်ပိုင်းတော့ ကျွန်တော်ထင်တယ်။ လေကြောင်းလူငယ်မှာက တပ်မိသားစု ဝင်တွေပဲ ပိုများမယ်ထင်တယ်။ တပ်မိသားစုဝင်တွေ၊ တပ်ရဲ့အသိုင်းအဝိုင်းအမျိုးအနွယ်တွေ၊ ဒါတွေ ပိုများများ ဖွင့်မယ်လို့ ယူဆရတယ်။ အဓိကကတော့ တပ်သားသစ်စုဆောင်းဖို့ မက်လုံးတစ်မျိုးပေါ့။ အသက်မပြည့်တဲ့သူ တွေကို ဆွဲဆောင်တဲ့  ပုံစံမျိုးပါပဲ။

-ဒီရေကြောင်း၊ လေကြောင်းသင်တန်းက ကျောင်းသားလူငယ်တွေအပေါ် ဘယ်လိုမျိုး အကျိုးသက်ရောက်မှု တွေ ဆက်ဖြစ်လာနိုင်မလဲ။

လူငယ်တွေကို အကျိုးသက်ရောက်မှုက နဂိုကလည်း လေကြောင်းလူငယ်ဖြစ်ပြီးတော့ လေတပ်ထဲဝင်ရမယ် ဆိုပြီး အတင်းအဓမ္မ ဝင်ရမယ်လို့တော့ မရှိဘူးပေါ့။ အရင်တုန်းကဆို သဘောကျပြီး လေတပ်ထဲဝင်ထဲ သူတွေ ရှိတယ်၊  စစ်သားသားသမီးတွေကတော့ ဝင်တာပါပဲ။ အရပ်ဖက်သားသမီတွေကတော့ ပြောလို့မရဘူး။ ကိုယ့် သားသမီးဘဝကို မသနားလို့ရှိရင် ဝင်ခိုင်းကြပေါ့။ အဒီလိုပဲ ပြောရမှာပဲ မိဘတွေကို။  

-နောက်ဆုံးအနေနဲ့ စစ်ကောင်စီလေတပ်နဲ့ ရေတပ်မှာ ဘယ်လိုအခြေအနေတွေ ရှိနေလဲ။ ဒီသင်တန်းအပေါ် ဘယ်လို မှတ်ချက်ပြုလိုတာရှိမလဲ။

ကြည်းတပ်မှာဆိုရင် အင်အားကတော်တော်လျော့ကျလာတဲ့ အနေအထားဖြစ်တယ်။ အင်အားပြုန်းတီးတာ တအားများလာတဲ့အတွက် အခုဆိုတချို့မြို့တွေမှာ လုံခြုံရေးတွေကို လေတပ်ကအဖွဲ့တွေ ရေတပ်ကအဖွဲ့တွေ သုံးလာတယ်။ လှုပ်ရှားစစ်ကြောင်းတွေမှာကအစ ကြည်း၊ရေ၊လေသင်တန်းကျောင်းတွေမှာ သွားတက်နေ တယ်။ ရေ၊လေစစ်သည်တွေပါသုံးပြီး လှုပ်ရှားစစ်ကြောင်းတွေ  စခန်းကုန်းတွေ အဲဒီလိုနေရာမှာ ထည့်သုံးတဲ့ အနေအထားကို ကျွန်တော်တို့ တွေ့လာရတယ်။  ကြည်းတပ်ရဲ့ လူအင်အားမရှိတော့ဘူးဆိုတဲ့ အနေအထား ဖြစ်လာတာပေါ့။  လေကြောင်းလူငယ်သင်တန်းသားတွေဆိုတာ သူတို့ဒါအနာဂတ်အတွက် အင်အားပဲလေ။

လက်ရှိ စစ်တပ်ရဲ့ အင်အားဖြစ်တဲ့အတွက် သူတို့ဒါကို သေချာလုပ်တယ်လို့ ကျွန်တော်မြင်တယ်။ တော်တော် ကို စနစ်တတကျကို သေချာပြင်ဆင်ပြီးလုပ်နေတာကို ကျွန်တော် အရင်တည်းက သတင်းတွေမှာ မသိခင် တည်းက ကျွန်တော်အဲဒါကို သိထားရတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.