ဆစ်ဒနီ၊ ဧပြီ(၂၇)
သြစတြေးလျနိုင်ငံအနေနဲ့ ကာကွယ်ရေးအစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာတာကြောင့် တာဝေးပစ်ခတ်နိုင်စွမ်းအားကို အာရုံစိုက်ဖို့နဲ့ ပဲ့ထိန်းဒုံးကျည်တွေ ထုတ်လုပ်မှုကို မျှော်မှန်းထားတာထက် နှစ်နှစ်စောကာ ၂၀၂၅ ခုနှစ်မှာ ပြည်တွင်းမှာပဲ စတင်သွားတော့ဖြစ်တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
တရုတ်နိုင်ငံဟာ ပွင့်လင်းမြင်သာမှုမရှိဘဲ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်ကစတင်ပြီး မည်သည့်နိုင်ငံမှာမဆို အကြီးမားဆုံး စစ်ရေးတည်ဆောက်မှုကို စတင်လုပ်ဆောင်ခဲ့ကြောင်း၊ အင်ဒို-ပစိဖိတ်မှာလည်း ပဋိပက္ခ ဖြစ်နိုင်ချေရှိတဲ့ အဓိကပါဝါပြိုင်ဆိုင်မှုတွေပါဝင်တဲ့ ကာကွယ်ရေးဆိုင်ရာပြန်လည်သုံးသပ်မှု အကြံပြုချက်တွေကို လက်ခံကြောင်းလည်း အစိုးရကထုတ်ပြန်ပြောကြားလာတာပါ။
၂၀၂၇ ခုနှစ်မှာ မူလက သတ်မှတ်ထားတဲ့ ပြည်တွင်းမှာပဲ ပဲ့ထိန်းလက်နက်တွေ ထုတ်လုပ်မာ့် အချိန်သတ် မှတ်ချက်ကို စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၂.၅) ဘီလီယံ ထပ်လောင်းခွဲဝေပေးခြင်းဖြင့် နှစ်နှစ်အတွင်း အရှိန်မြှင့်မယ်လို့ ကာကွယ်ရေးဝန်ကြီး ရစ်ချက်မာလေစ်က မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြား ခဲ့ပါတယ်။
ဒါဟာ ဖျက်သိမ်းထားတဲ့ ကာကွယ်ရေးပရောဂျက်တွေကနေမှ လမ်းကြောင်းပြောင်းထားတဲ့ ရန်ပုံငွေအတွက် နှစ်ဆကျော်တိုးလာတာကို ကိုယ်စားပြုတယ်လို့လည်း ဆိုပါတယ်။
“ဒါက ကုန်ထုတ်လုပ်မှု စွမ်းရည်နဲ့ပတ်သက်ပြီး အချိန်ကာလကို သိသိသာသာ ပြောင်းလဲသွားစေပါတယ်” လို့ ဗုဒ္ဓဟူးနေ့က Nine သတင်းအေဂျင်စီနဲ့ ရုပ်သံအင်တာဗျူးတစ်ခုမှာ သူက ပြောပါတယ်။
နောက်ထပ် A$ (၁.၆) ဘီလီယံကို ပြည်ပက တာဝေးပစ်ဒဏ်ခတ်စနစ်တွေ ဝယ်ယူဖို့အတွက် နှစ်နှစ်အတွင်း သုံးစွဲသွားမည်ဖြစ်တယ်လို့ သူက ထပ်လောင်းပြောပါတယ်။
ဩစတေးလျမှာပဲ ထုတ်လုပ်မှုလုပ်ဖို့အတွက် အစိုးရဟာ ဒုံးကျည်ထုတ်လုပ်တဲ့ Raytheon (RTX.N) ကုမ္ပဏီ ၊ Lockheed (LMT.N) ကုမ္ပဏီတို့နဲ့ ဆွးနွေးနေပြီ ဖြစ်ကြောင်းလည်း သူက ပြောပါသေးတယ်။
နော်ဝေရေတပ် တိုက်ခိုက်ရေးဒုံးပျံထုတ်လုပ်တဲ့ Kongsberg (KOG.OL) ကုမ္ပဏီနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး သြစတြေးလျမှ ဝယ်ယူဖို့ သဘောတူညီထားပြီးဖြစ်ကြောင်းလည်း သူကထပ်လောင်းပြောကြားပါတယ်။
ကာကွယ်ရေးစက်မှုလုပ်ငန်းဝန်ကြီးက သုံးသပ်ချက်စာတမ်းမှ အကြံပြုချက်ထဲမှာတော့ Kongsberg ရဲ့ ပူးတွဲတိုက်ခိုက်ရေးဒုံးကျည်ကိုရယူဖို့ အကြံပြုထားပြီး ဩစတြေးလျရှိ ပစ်ဒုံးထုတ်လုပ်တဲ့ အစုအဖွဲ့ကို ကြည့်ရှုစေဖို့ဖြစ်တယ်လို့ ပြောဆိုထားတာပါ။
ဩစတြေးလျဟာ ပဋိပက္ခကို ဟန့်တားဖို့နဲ့ အိန္ဒိယ၊ ဂျပန်၊ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ ပစိဖိတ်ကျွန်း စုများဖြင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုတွေကို မြှင့်တင်ဖို့ ဒေသတွင်း သံတမန်ရေးရာ တိုးမြှင့်နေချိန်မှာ သူ့ရဲ့ လုံခြုံရေးမဟာမိတ် အမေရိကန်နဲ့ ပိုမိုနီးကပ်စွာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
Ref: Reuters