ကျိုက်မရော၊ ဧပြီ(၂၇)
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း(၆)နယ်မြေထဲကို စစ်ကောင်စီတပ်က အင် အားဖြည့်တင်းတာတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ ကျိုက်မရောစံပယ်ဂူတံတား-ကျုံကွယ်-နွတ် အောက်လမ်းပိုင်း အသုံးမပြုကြဖို့ KNDO တပ်ရင်း(၆)ဘက်က အသိပေးထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုကို အကာအကွယ်ယူပြီး မွန်ပြည်နယ်၊ ကျိုက်မရောက်မြို့နယ်၊ စံပယ်ဂူတံတား- ကျုံကွယ်-နွတ်အောက်လမ်းပိုင်းတွေကနေတစ်ဆင့် KNDO တပ်ရင်း(၆) နယ်မြေထဲကို တပ်အင်အားတွေ ဆက်တိုက်ဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ ကျိုက်မရောစံပယ်ဂူတံတား-ကျုံကွယ်-နွတ်အောက်လမ်းပိုင်းကို ဧပြီ (၂၃) ရက်နေ့ကစပြီး ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း အသုံးမပြုကြဖို့ ထုတ်ပြန်ချက်မှာ ဖော် ပြပါရှိပါတယ်။
စစ်ကောင်စီတပ်ဟာ KNDO နယ်မြေထဲကို ၁၂ ဘီးကားတွေ ပုံဖျက်ဝင်ရောက်လာသလို တစ်ခါတ လေမှာ အိမ်စီးကားတွေသုံးပြီး ဝင်ရောက်လာတာတွေ ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ ကားမောင်းရာမှာလည်း မှန်ချမောင်းပေးကြဖို့ KNDO တပ်ရင်း(၆) သတင်းရင်းမြစ်က ပြောပါတယ်။
ဒီထုတ်ပြန်ကြေညာချက်ကို ပြန်လည်ပယ်ဖျက်တဲ့ ထုတ်ပြန်ကြေညာချက် မထုတ်ပြန်မချင်း အတည်ဖြစ်ပြီး စစ်ကောင်စီက ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ခုတုံးလုပ်အကာအကွယ်ယူ အမြတ်ထုတ်နေမှုကို ကာကွယ်နိုင်ဖို့ ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကူညီပေးကြဖို့ကိုလည်း KNDO တပ် ရင်း(၆)က မေတ္တာရပ်ခံထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ