“တချို့ကကျွန်တော်တို့လေ့လာရသလောက် ထွက်ပြေးလာတဲ့ သူတို့ရဲဘော်လေးတွေ ရှိတယ်။ လုပ်သက်အား ဖြင့် တစ်လခွဲ၊ နှစ် လပေါ့။ သူတို့ရဲဘော်တွေက အသက်အရွယ်အားဖြင့် ငယ်သေးတယ်။ ၁၇၊၁၈ အဲဒီအရွယ် လေးတွေ။ သူတို့ တိုက်ခိုင်းတယ်ပေါ့”

-အရင်ဆုံး ကရင်နီပြည်နယ်ရဲ့ ဘယ်နေရာတွေမှာ စစ်ရေးပြင်းထန်မှုတွေ ဆက်ရှိနေပါသလဲ။ စစ်ကောင်စီ ဘက်ကရော ဘယ်လိုပုံစံနဲ့ ထိုးစစ်ဆင်တာတွေ ရှိနေလဲ။

တိုက်ပွဲဖြစ်တဲ့နေရာတွေက KNDF၊ PDF တို့ခိုနိုင်မယ် သူတို့ထင်တဲ့နေရာတွေပေါ့။ အထူးသဖြင့် လွိုင်ကော်၊ ဒီမောဆိုမြို့နယ် အရှေ့တောင်ခြမ်း၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ်ပေါ့။ ဖယ်ခုံမြို့နယ် မိုးဗြဲဘက်ကတော့ ကျွန်တော်တို့နဲ့ နယ်စပ်ပေါ့ပြောရမှာပေါ့။ မာရှယ်လောထုတ်တဲ့ ဒေသမြို့နယ်တွေထဲမှာ အများဆုံး စစ်ဆင်ရေး လုပ်နေတာတွေ့ရတယ် အခုချိန်မှာ။ မာရှယ်လောထုတ်တဲ့ မြို့နယ်ထဲမှာ လွိုင်ကော်က မပါပေမယ့် လွိုင်ကော် မြို့ နယ်ထဲမှာလည်း ဖြစ်နေတာပဲ။ စစ်ဘေးရှောင်တွေ ခိုလှုံတဲ့နေရာမှာ တော်လှန်ရေးအင်အားစုတွေ အဲဒီမှာ မှီခိုနိုင်တယ်၊ ချဉ်းကပ်နိုင်တယ်၊ အချက်အလက်တွေ ရယူနိုင်တယ်ဆိုတဲ့အထင်နဲ့  စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာကို တိုက်နေတာဖြစ်တယ်။ ဖားဆောင်းမြို့နယ်နဲ့၊ မယ်စဲ့ပေါ့။ ဘော်လခဲမြို့နယ်ကတော့ သူတို့စစ်တပ် မြို့တော်ဆိုပေမယ့် အဲဒီဘေးနားမှာ ဖြစ်တာရှိပါတယ်။ ဘော်လခဲမြို့နယ်ထဲပါတဲ့ ဒေသတွေပေါ့။ အဲဒီမှာ ဖြစ်တာရှိတယ်။ ဒါကတော့ ကျွန်တော်တို့ပြည်နယ်ရဲ့ တိုက်ပွဲဖြစ်တဲ့ နေရာတွေပေါ့။

-ကရင်နီပြည်နယ်ရဲ့ နေရာဘယ်လောက်ကို စစ်ကောင်စီက ထိန်းချုပ်ထားလဲ။ နေရာဘယ်လောက်ကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားလဲ။ နယ်မြေပိုင်ဆိုင်မှုအခြေအနေ ဘယ်လိုရှိပါသလဲ။

စစ်ကောင်စီထိန်းချုပ်တဲ့နေရာကတော့ အခုကတော့ သူတို့မြို့ပေါ်ပဲ ထိန်းနိုင်တာပေါ့။ လွိုင်ကော် ပတ်ဝန်းကျင် မှာလည်း ဖြစ်နေတာပဲ တိုက်ပွဲတွေကတော့။ တိုက်ပွဲကြီးလား၊ တိုက်ပွဲငယ်လား၊ ပြောက်ကျားနဲ့လုပ်တာလား အမြဲတမ်းဖြစ်ပါတယ်။ လွိုင်ကော်မြို့ထဲလောက်ပဲ ထိန်းချုပ်နိုင်တဲ့ အနေအထားမျိုးရှိတယ်ပေါ့။ နောက် ဘော် လခဲက စစ်တပ်မြို့တော်တို့ ကျွန်တော်တို့ ခေါ်လို့ရတယ်။ တပ်ရင်း၃ရင်းရှိတယ်။ နစကလက်အောက်ခံတွေ စစ်ဗျူဟာအခြေချအဲဒီမှာ ရှိတယ်။ အခြားပြည်မဘက်ကလာတဲ့တပ်တွေ သူတို့လေယာဉ်နဲ့လာပို့ထားတဲ့ တပ် တွေ၊ ဘော်လခဲကို ဆင်းနိုင်တယ်။ ဖားဆောင်းတို့ မယ်စဲ့တို့ဆိုတာက PDF လည်း သိပ်မရှိဘူး။ လှုပ်ရှားမှုက သိပ်မရှိဘူး။ လွိုင်ကော်၊ ဘော်လခဲ အဲဒီလောက်ပဲရှိတယ်လေ။ ဒါက စစ်တပ်ထိန်းနိုင်တဲ့အခြေအနေပေါ့။

– အခု ၂၀၂၃ မှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်နေတဲ့ အခြေအနေနဲ့ ဘယ်လိုလက်နက်အသစ်တွေကို သုံးလာ ပါသလဲ။ ဒီအပေါ်မှာ ပြောပြပေးပါဦး။

၂၀၂၃ပြည့်တာနဲ့ သူတို့လည်း ဖေဖော်ဝါရီ၁ရက်ဆို သက်တမ်းပြည့်ပြီလေ။ သက်တမ်းပြည့်တာနဲ့ အခြေအနေ က ပုံမှန်မဖြစ်သေးဘူးအကြောင်းပြချက်နဲ့ ၆လသက်တမ်းတိုးတယ်။ ဒီမောဆို၊ ဖရူဆို၊ ဘော်လခဲ၊ ရှားတော ပေါ့ စစ်ရေးပြင်ဆင်လာတယ်။ ဒီမောဆို အရှေ့တောင်ခြမ်းဆို စစ်ဘေးရှောင်တွေက ပထမအပေါ်ဘက်မှာ နေတယ်။ နောက်တဆင့်ပြောင်းရွေ့ရတော့ အဲဒီဘက်မှာ စစ်ဘေးရှောင်တွေအများကြီးရောက်လာတယ်။ ဘော်လခဲနဲ့ ဒီမောဆိုကြားထဲမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုပြီး ရည် ရွယ်ချက်နဲ့ သူတို့ ရဟတ်ယာဉ်နဲ့ ဗျူဟာမျိုးနဲ့ တပ်တွေတက်လာတယ်။ သူတို့၉၀လောက်သေတယ်။ ၅၀ လောက် ဒဏ်ရာရတယ်။ ပြီးခဲ့တဲ့ ၁၆ရက်ကစပြီး သူတို့ ၄၀ကျော်လောက် ထပ်သေတယ်။ လက်နက်တွေ လည်း ရှုံးတယ်ပေါ့။ သူတို့အင်အားလည်း ၉၀ တခါကျပြီးတော့ အင်အားထပ်ဖြည့်လာတယ်။

-နောက်ဆုံးအနေနဲ့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီဘက်က အထိနာနေတယ်လို့ ပြောလို့ရမလား၊ ဘာ ကြောင့် အဲဒီလိုပြောနိုင်တာလဲ၊ ရှေ့ဆက်ပြီး ကရင်နီပြည်နယ်မှာ ဘာတွေဖြစ်လာနိုင်မလဲ။ သုံးသပ်ပေးပါဦး။

တချို့ကကျွန်တော်တို့လေ့လာရသလောက် ထွက်ပြေးလာတဲ့ သူတို့ရဲဘော်လေးတွေ ရှိတယ်။ လုပ်သက်အား ဖြင့် တစ်လခွဲ၊ နှစ်လပေါ့။ သူတို့ရဲဘော်တွေက အသက်အရွယ်အားဖြင့် ငယ်သေးတယ်။ ၁၇၊၁၈ အဲဒီအရွယ် လေးတွေ။ သူတို့ တိုက်ခိုင်းတယ်ပေါ့။ သူတို့ကိုကွပ်ကဲတဲ့ဗိုလ်တွေကတော့ ဝါရင့်ရင် ရင့်မှာပေါ့။ ကျွန်တော့်ရဲ ဘော် ပြောပြသလောက်ဆို သူတို့စခန်းကတက်တာက သေနတ်ကို ဒီလိုမျိုးကိုင်လာတယ်ပေါ့။ သူတို့မူးယစ် ဆေးတွေသုံးပြီး စစ်တိုက်ခိုင်းတယ်ပေါ့။ အဲဒီလိုမျိုးရှိတယ်။ ပြည်မမှာနေတော့ ဒုက္ခရောက်တယ်ပေါ့။ အဲဒီ တော့ တပ်ထဲဝင်လိုက်ရတယ်၊ စစ်တပ်မှာလည်း တပ်သားစုဆောင်းတဲ့အခါမှာ  တပ်ကြပ်ကြီးဆို ဘယ်အဆင့် ဆို ဘယ်နှစ်ယောက်စည်းရုံးရမယ်။ အဲဒီလိုမျိုး စည်းရုံးနေတာမျိုးတွေ ရှိတယ်ပေါ့။ အဲဒီလိုမျိုးသူတို့ ကလေး တွေနဲ့ တိုက်ခိုင်းတော့ စစ်အတွေ့အကြုံမရှိတော့ ပထဝီအနေအထားရော၊ စိတ်ဓာတ်ရော၊ အထိနာတယ်၊ အကျဆုံး များတယ်။ အဲဒီလို ကျွန်တော်တို့သုံးသပ်တယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.