ဖယ်ခုံ – ဧပြီ(၂၅)

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့အနောက်ဘက်ခြမ်းက ဆောင်းဖွေးကျေးရွာ ဆေးရုံကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ ဧပြီလ (၂၅) ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီဟာ ဆောင်းဖွေးဆေးရုံကို လေယာဉ်နဲ့ (၃) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိမပေါက်ကွဲသေးတဲ့ ဗုံးသီးတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

စစ်တပ်လေယာဉ်နဲ့ ဗုံးကြဲနေချိန် ဆေးရုံထဲမှာ အရပ်သားလူနာတွေ၊ ကိုယ်ဝန်ဆောင်တွေ ရှိနေ ခဲ့ပြီး ဗုံးကြဲပြီးနောက် ဆေးရုံဖန်လုံအိမ်အတွင်းကနေ (၃) ရက်သားအရွယ် ကလေးငယ်တစ်ဦးကို အသက်ရှင်လျက်ပြန်လည် ကယ်ဆယ်ထားနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုဗုံးကြဲတိုက်ခိုက်တဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လုပ်ဆောင်တာဖြစ်တဲ့အတွက် စစ်ရာဇဝတ်မှုမြောက်တယ်လို့ ပြည်သူတွေကြားဝေဖန်တာတွေရှိနေပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ သံလွင်တိုင်းမ် အနေနဲ့ သီခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ကယားပြည်နယ် ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ဒေါတမကြီး ကျေးရွာ တိုက်နယ်ဆေးရုံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.