ကွာလာလမ်ပူ – ဧပြီ(၂၇) 

မလေးရှားနိုင်ငံ ပီနန်မြို့က ခေါက်ဆွဲခြောက်ထုတ်လုပ်ရေး လုပ်ငန်းကနေထုတ်လုပ်တဲ့ ပစ္စည်း တွေမှာ ရောဂါ ဖြစ်ပွားစေနိုင်တဲ့ အရာဝတ္တုတွေပါဝင်တဲ့အတွက် ထုတ်ကုန်တွေကို ပြန်လည် စစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။ 

“Ah Lai White Curry Noodles” ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ထိုင်ဝမ်ရှိ ကျန်းမာရေးဦးစီးဌာန ရဲ့ တောင်းဆိုချက်တွေအရ ကင်ဆာဖြစ်ပေါ်စေနိုင်တဲ့ ပစ္စည်းတွေ ပါဝင်တာရှိမရှိကို ဓာတ်ခွဲခန်း နမူနာ ပို့ပြီး စစ်ဆေးထားတယ်လို့ ဆိုပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ခေါက်ဆွဲခြောက် ကုမ္ပဏီကို စတင်ခဲ့ပြီးနောက် မလေးရှားနိုင်ငံတွင်းနဲ့ အင်ဒိုနီးရှားအပါအဝင် နိုင်ငံတကာကို ရောင်းချနေတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

အချက်အလက်တွေအရ  Ah Lai White Curry Noodles ဟာ Fair Price ကုန်တိုက်တွေ အပါ အဝင် စင်္ကာပူနိုင်ငံရှိ လက်ရှိအရောင်းဆိုင်တွေမှာပါ ရောင်းချနေပြီး ပစ္စည်းပြတ်လပ်တဲ့အထိ ရောင်းချရတဲ့ စာရင်းဝင် နာမည်ကြီးအမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ 

ထိုင်ဝမ်အစိုးရရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ မှတ်ချက်တွေအတွက် စင်္ကာပူ အစားအစာအေဂျင်စီနဲ့ Fair Price ကုန်တိုက်တွေကို ပေးပို့ထားပါတယ်။ 

အရှေ့တောင် အာရှ (၂) နိုင်ငံက ထုတ်လုပ်တဲ့ ခေါက်ဆွဲခြောက်(၂) မျိုးမှာ ကင်ဆာ ဖြစ်ပေါ် နိုင်စေတဲ့ ပစ္စည်းပါဝင်တယ်လို့ ထိုင်ဝမ် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

ထိုင်ဝမ်ကျန်းမာရေးဌာနက မလေးရှားနိုင်ငံက Ah Lai White Curry Noodles နဲ့ အင်ဒိုနီးရှား နိုင်ငံက Chicken Flavor ခေါက်ဆွဲခြောက်တွေမှာ Ethylene oxide ပါဝင်တာ တွေ့ရှိရတယ် လို့ ထုတ်ပြန်ထားပါတယ်။ 

အဲဒါကြောင့် ဒီကုန်ပစ္စည်းတွေကို လက်လီရောင်းချသူတွေဆီက သိမ်းဆည်းသွားမှာ ဖြစ်သလို ကုန်ပစ္စည်းတင်သွင်းသူတွေကိုလည်း စင်္ကာပူဒေါ်လာ (၂၆၀၀) အထိ ဒဏ်ရိုက်သွားမှာ ဖြစ်တယ် လို့ ဆိုထားပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.