တနင်္သာရီ၊ ဧပြီ(၂၃)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံ ဧပြီ ၂၁ ရက်နေ့က စစ် ကောင်စီ ရဲတပ်သားတစ်ဦး အာဏာဖီဆန်ရေး CDM ပြုလုပ်လာတယ်လို့ မြို့နယ် ပကဖတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ ရဲတပ်သားဟာ တပ်သားမင်းအုပ်ဆိုသူဖြစ်ပြီး ရခိုင် ပြည်နယ်၊ မောင်တောမြို့နယ်၊ မောရဝတီရဲစခန်းကနေ ထွက်ခွာလာသူဖြစ်တယ်လို့ သိရပါတယ်။

ရဲတပ်သားမင်းအုပ်ဟာ တနင်္သာရီမြို့နယ်ဇာတိဖြစ်ပြီး စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့် CDM ပြုလုပ်လာတာ ဖြစ်ပါတယ်။လက်ရှိမှာတော့ CDM ဝင်လာတဲ့ ရဲတပ်သားကို လုံခြုံတဲ့နေရာမှာ စောင့်ရှောက်ထားပြီး စားဝတ်နေရေးအတွက် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခမရ ၅၆၁ တပ်က တပ်သားအောင်မိုးနိုင်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ တနင်္သာရီမြို့နယ်ပကဖထံ CDM ပြုလုပ်လာတာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီမြို့နယ် ပကဖထံ CDM ပြုလုပ်ပြီး လာရောက်ခိုလှုံတဲ့ စစ်ကောင် စီတပ်သားနဲ့ ရဲ ၁၀ ဦးထက်မနည်းရှိပြီး အများစုဟာ စစ်ကောင်စီကို ပြန်တည်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Tanintharyi PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.