နယူးဒေလီ၊ ဧပြီ(၂၁)

အိန္ဒိယနိုင်ငံဟာ အခုနှစ်လယ်ပိုင်းမှာ လူဦးရေ ၃သန်းကျော်ပိုမိုများပြားလာပြီး ကမ္ဘာ့လူဦးရေအများဆုံး နိုင် ငံအဖြစ် တရုတ်နိုင်ငံကို ကျော်တက်သွားမယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

UNFPA က ထုတ်ပြန်ထားတဲ့ State of World Population Report 2023 မှာ အိန္ဒိယရဲ့ လူဦးရေဟာ ၁.၄၂၈၆ ဘီလီယမ်အထိရှိပြီး  တရုတ်ကတော့ ၁.၄၂၅၇ ဘီလီယမ် ရှိနေတာဖြစ်ပါတယ်။ အမေရိကန်ကတော့ လူဦးရေ ၃၄၀ မီလီယမ်နဲ့ တတိယနေရာမှာ ရှိနေတယ်လို့ အချက်အလက်တွေနဲ့  ဖော်ပြထားတာပါ။ ဒါ့အပြင် အဲဒီ အချက်အလက်တွေဟာ ၂၀၂၃ ဖေဖော်ဝါရီလအထိ နောက်ဆုံးကောက်ခံထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂကထုတ်ပြန်တဲ့  အရင်ကိန်းဂဏန်းတွေကို ကိုးကားပြီး လူဦးရေကျွမ်းကျင်ပညာရှင်တွေက အိန္ဒိယ နိုင်ငံအနေနဲ့ လာမယ့်နှစ်လယ်မှာ တရုတ်ကို ကျော်တက်သွားနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

အိန္ဒိယနဲ့ တရုတ်ရဲ့ လူဦးရေဟာ ခန့်မှန်းခြေကမ္ဘာ့လူဦးရေ ၈.၀၄၅ ဘီလီယမ်ရဲ့ သုံးပုံတစ်ပုံ ဖြစ်ပေမယ့်လည်း အာဆီယံနိုင်ငံကြီးတွေမှာတော့ လူဦးရေဖွံ့ဖြိုးမှုနှုန်း နှေးကွေးလျှက်ရှိပြီး တရုတ်ရဲ့ လူဦးရေတိုးတက်နှုန်းဟာ  အိန္ဒိယထက် ပိုမြန်နေတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ တရုတ်နိုင်ငံရဲ့ လူဦးရေဟာ ရာစုနှစ် ၆ ခုအတွင်း ပထမဆုံးအကြိမ် နိမ့်ကျသွားခဲ့တာဖြစ် ပါတယ်။

အိန္ဒိယရဲ့နှစ်စဉ် လူဦးရေတိုးတက်နှုန်းကတော့ ၂၀၁၁ ခုနှစ်ကတည်းက ၁.၂ ရာခိုင်နှုန်းရှိပြီး လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ၁.၇ ရာခိုင်နှုန်းအထိရှိခဲ့တယ်လို့ အစိုးရကထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

 “အိန္ဒိယနိုင်ငံတွင်း ကောက်ခံထားတဲ့ စစ်တမ်းတွေအရ လူထုအကြားအထဲမှာ နိုင်ငံ့လူဦးရေးတိုးမြှင့်မှုနှင့်ပတ် သက်တဲ့ စိတ်ပူပန်တွေဟာ စိမ့်ဝင်လာနေပါပြီ။ အခုအချိန်မှာတော့ ဒီကိန်းဂဏန်းဟာ အဲဒီစိုးရိမ်ပူပန်မှု ဒါမှမ ဟုတ် အချက်ပေးသံကို ထွက်ပေါ်လာစေနိုင်မယ့် အခြေအနေမဟုတ်သေးပါဘူး။ အဲဒီအစား၊ တစ်ဦးချင်းအခွင့် အရေးနဲ့ ရွေးချယ်မှုတွေကို လက်ကိုင်ထားမယ်ဆိုရင် ဒီလူဦးရေကိန်းဂဏန်းဟာ တိုးတက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ မျှော်မှန်းချက်တွေရဲ့ သင်္ကေတတစ်ခုအဖြစ် မြင်သင့်ပါတယ်” လို့ UNFPA အိန္ဒိယကိုယ်စားလှယ်က ပြောကြား ခဲ့တာပါ။

Ref, Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.