ရန်ကုန် – ဧပြီ(၁၉)
အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ စစ်ရေးသတင်းအချက်အလက်တွေပေးဖို့အတွက် ဖရဲသီး စီမံချက်စာရွက်တွေ ဖြန့်ဝေတဲ့ လှုပ်ရှားမှုကို ရန်ကုန်နဲ့ မန္တလေး မြို့တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။
ဒီနေ့ ဧပြီလ(၁၉) ရက်နေ့မှာ ရန်ကုန်မြိုပြတော်လှန်ရေးအင်အားစုတွေ ဖြစ်တဲ့ Kyimyindaing Networks (KMD18) နဲ့ Mayangone Democratic Front (MDF) တို့က ပြုလုပ်ခဲ့ကြတာပါ။
ဖရဲသီးစီမံချက် ပိုမိုအောင်မြင်စေဖို့အတွက် ရန်ကုန် နဲ့ မန္တလေးမြို့တွေမှာ စာရွက် (၂) ထောင်ကျော် ရိုက်နှိပ်ပြီး ဖြန့်ကျဲခဲ့ကြတယ်လို့ သိရပါတယ်။
ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်သူတွေကို ဆုငွေပေးမှာဖြစ်သလို သတင်းပေးလိုသူတွေ အနေနဲ့ http://t.me/MyanmarPeople ကို ဆက်သွယ်ဖို့လည်း အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ