တိုကျို၊ ဧပြီ(၂၀)
ဆူဒန်နိုင်ငံတွင်း ပြင်းထန်တဲ့ တိုက်ပွဲတွေအတွင်းကနေ ဂျပန်နိုင်ငံသားတွေကို ကယ်ဆယ်ဖို့အတွက် ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက စတင်ပြင်ဆင်နေပြီလို့ အစိုးရထိပ်တန်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီလ ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ဖြစ်တဲ့ ဆူဒန်စစ်တပ်အကြီးအကဲ အပ်ဒယ် ဖက်တပ် ချ် အယ်ဘာဟန် နဲ့ သူ့ရဲ့ လက်ထောက်ဖြစ်တဲ့ အင်အားကြီး စင်ပြိုင်လက်နက်ကိုင်အဖွဲ့ ဦးဆောင်သူ မိုဟာ မတ် ဟမ်ဒန်ဒက်ဂလိုတို့ရဲ့ရက်သတ္တပတ်ကြာတဲ့ အာဏာလွန်ဆွဲပွဲဟာ စနေနေ့က လူအသေအပျောက်များတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာစေခဲ့တာပါ။
ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ကာကွယ်ရေးဝန်ကြီးကို ကယ်ဆယ်ရေးအတွက် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လေယာဉ်ကို အသုံးပြုဖို့ တောင်းဆိုခဲ့ကြောင်း အစိုးရအဖွဲ့အတွင်းဝန်ချုပ် ဟီရိုကာဆူမတ်ဆူနိုက ပြောခဲ့ပါ တယ်။
G7 နဲ့ အခြားသော အဓိကနိုင်ငံတွေနဲ့ နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ဂျပန် နိုင်ငံသားတွေရဲ့ ဘေးကင်းရေးနဲ့ ရွှေ့ပြောင်းရေး အပါအဝင် ဂျပန်လူမျိုးတွေဘေးကင်းရေးအတွက် အစိုးရက အစွမ်းကုန် ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မတ်ဆူနိုက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့အထိ ဂျပန်နိုင်ငံသား (၆၀) ခန့်ဟာ ဆူဒန်မှာပဲ ရှိနေသေးပြီး အစိုးရအနေနဲ့ သူတို့အားလုံးကို ဆက်သွယ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ သူတို့ထဲက တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်းမရှိ ကြောင်းမတ်ဆူနို က သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဆူဒန်မှာ စစ်တပ်နဲ့ စင်ပြိုင်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား လေကြောင်းတိုက်ခိုက်မှုတွေ၊ တိုက်ပွဲတွေနဲ့ နိုင်ငံတဝှမ်း ပဋိပက္ခတွေကြောင့် အနည်းဆုံး လူ ၁၈၅ ဦး သေဆုံးပြီး ၁၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ သုံးရက် အကြာ မြို့ပြစစ်ပွဲအပြီး ဆေးရုံတွေပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ဧပြီ(၁၇)ရက် တနင်္လာနေ့ကတော့ ဆေးဝါးနဲ့ စားနပ်ရိက္ခာ ပြတ်လပ်ခဲ့ရတယ်လို့ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ဗိုကာပါတက်စ်က ပြောကြားခဲ့ပါတယ်။
Ref : CAN