ပီနန်၊ ဧပြီ(၁၉)
မလေးရှားနိုင်ငံ ရှေးဟောင်းအမွေအနှစ်မြို့တော် George Town အနောက်မြောက်ဘက်ရှိ ကမ်းခြေမှာ ဂျက်စ ကီး ယာဉ်မတော်တဆဖြစ်မှုကြောင့် သူငယ်ချင်းတွေနဲ့ အပျော်ခရီးထွက်လာတဲ့ နိုင်ငံခြားသားတစ်ဦး သေဆုံးခဲ့ ရတယ်လို့ သိရပါတယ်။
George Town ဟာ မလေးရှားပီနန်ကျွန်းပေါ်မှာ တည်ရှိပြီး ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်မြို့တစ်မြို့ လည်း ဖြစ်ပါတယ်။ ဖြစ်စဉ်ထဲက နိုင်ငံခြားသားဟာ ကိုထွန်းလင်းအောင်လို့ အမည်ရတဲ့ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး သူဟာ ဂျက်စကီးစီးချိန်မှာ ကမ်းခြေအနီးရှိ ဆိပ်ခံတံတားတစ်ခုကို ဝင်တိုက်မိရာမှ ဆုံးပါးခဲ့ရတာပါ။
အဲအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ထံသို့ ညနေ ၆နာရီ ၄၅ မိနစ်မှာ အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ George Town မြို့ ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲက ပြောပါတယ်။
“ကနဦး စစ်ဆေးချက်တွေအရ အသက် ၂၂ အရွယ်ရှိတဲ့ လူတစ်ဦးက အငှားဂျက်စကီးစီးချိန်မှာ ကမ်းခြေဆိပ် တစ်ခုကို ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
အက်ဆီးဒင့်ကြောင့် မေးစေ့နဲ့ လည်ပင်းတို့မှာ ဒဏ်ရာတွေရရှိခဲ့ပြီးနောက် ကမ်းခြေကနေ သူ့ကို ခေါ်ဆောင် သွားခဲ့တာပါ။
ရဲတပ်ဖွဲ့က “ထိခိုက်ခံရသူဟာ ဆေးဘက်ဆိုင်ရာ သုံးသပ်ချက်တွေအရ ညနေ ၅ နာရီ ၅၃ မိနစ်မှာ ကွယ်လွန် ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်စုံစမ်းစစ်ဆေးချက်တွေအရ သေဆုံးသူဟာ ပီနန်မြို့ရှိ သင်္ကြန်ပွဲတော်ကို အပေါင်းအသင်းတွေနဲ့ လာရောက်လည်ပတ်ခဲ့တာဖြစ်ပြီး သူဟာမလေးရှားနိုင်ငံအတွင်း ၃ နှစ်ကျော်ကြာ ခရီးသွားခွင့်နဲ့ အလုပ် လုပ်ကိုင်ခွင့် လက်မှတ်တွေကို ကိုင်ဆောင်ထားသူဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူအား ရင်ခွဲစစ်ဆေးမှုတွေကို မလေးရှား ပီနန်မြို့ဆေးရုံမှာပဲ ပြုလုပ်မယ်လို့ သိရပါတယ်။
Ref , The Star /ASIA News Network