April 18, 2023

မလေးရှားမှာ မြန်မာနိုင်ငံသားတစ်ဦး ဂျက်စကီးယာဉ်မတော်တဆမှုဖြစ်ပြီး သေဆုံးခဲ့

ပီနန်၊ ဧပြီ(၁၉) မလေးရှားနိုင်ငံ ရှေးဟောင်းအမွေအနှစ်မြို့တော် George Town အနောက်မြောက်ဘက်ရှိ ကမ်းခြေမှာ ဂျက်စ ကီး ယာဉ်မတော်တဆဖြစ်မှုကြောင့် သူငယ်ချင်းတွေနဲ့ အပျော်ခရီးထွက်လာတဲ့ နိုင်ငံခြားသားတစ်ဦး သေဆုံးခဲ့ ရတယ်လို့ သိရပါတယ်။ George Town ဟာ မလေးရှားပီနန်ကျွန်းပေါ်မှာ တည်ရှိပြီး ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်မြို့တစ်မြို့ လည်း ဖြစ်ပါတယ်။ ဖြစ်စဉ်ထဲက နိုင်ငံခြားသားဟာ ကိုထွန်းလင်းအောင်လို့ အမည်ရတဲ့ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး…

အာဏာရှင်နိုင်ငံတွေရဲ့ တင်းမာမှုတွေကြောင့် G-7 ဝန်ကြီးတွေ စည်းလုံးညီညွတ်ဖို့ ပိုမိုအလေး ပေးလာ

တိုကျို – ဧပြီ(၁၉) ရုရှားက အိမ်နီးချင်း ယူကရိန်းကို စစ်ပွဲဆင်နွှဲနေချိန် ဘီလာရုစ်မှာ နျူလက်နက်တွေ တပ်ဆင်ဖို့ လုပ်ဆောင်နေမှုနဲ့ တရုတ်က ထိုင်ဝမ်အပေါ် ဖိအားပေးနေတာတွေကို ပြစ်တင်တုန့်ပြန်တဲ့ အနေနဲ့ G-7 နိုင်ငံတွေက သူတို့အနေနဲ့ အရင်ကထက်ပိုမိုစည်းလုံးမှုကို အလေးပေးလာတယ်လို့ ဧပြီလ (၁၈) ရက်နေ့မှာ ပြောခဲ့ပါတယ်။ ပြင်သစ်သမ္မတက ဥရောပသမဂ္ဂအနေနဲ့ အမေရိကန်အပေါ်မှီခိုအားထားမှုကို လျှေချသင့်ပြီး ထိုင်ဝမ်…

တရုတ်လျှို့ဝှက်ရဲဌာန ပြုလုပ်ဖို့ ကြိုးစားနေသူနှစ်ဦးကို အမေရိကန်အစိုးရ ဖမ်းဆီး

နယူးယောက် – ဧပြီ(၁၉) အမေရိကန်ပြည်ထောင်စု မန်ဟက်တန်ရှိ Chinatownမှာ တရုတ်လျှို့ဝှက်ရဲစခန်းတစ်ခု ဆောင်ရွက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နယူးယောက်မြို့ နေထိုင်သူနှစ်ဦးကို ဖက်ဒရယ် အေဂျင့်တွေဖမ်းဆီးခဲ့ပါတယ်။ အသက်(၆၁) နှစ်အရွယ် လူဂျီအန်ဝန်နဲ့ အသက်(၅၉) နှစ်အရွယ် ချန်ဂျင်ပင်တို့ဟာ အမေရိကန် အာဏာပိုင်တွေကို အသိပေးခြင်းမရှိပဲ တရုတ်အစိုးရရဲ့ အေဂျင်တွေအဖြစ် ဆောင်ရွက်ဖို့ ညှိနှိုင်းမှုနဲ့ အမေရိကန် တရားရေးကို နှောက်ယှက်တဲ့ စွဲချက်တွေနဲ့…

ကနီမြို့က စစ်ကောင်စီ တာဝါတိုင်စခန်းကို PDF သိမ်းပိုက်

ကနီ – ဧပြီ(၁၈) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့ ဆက်သွယ်ရေးတာဝါတိုင် စခန်းကို PDF တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၁၇) ရက်နေ့ မနက်အစောပိုင်းက ယင်းမာပင်ခရိုင် PDF တပ်ရင်း(၁) ကသွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။ အဲဒီစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀) လောက်…

လက်နက်တပ်ဆင်မှုတွေ အရှိန်မြှင့်သွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနဆို

မော်လမြိုင် – ဧပြီ(၁၈) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်တပ်ဆင်မှုတွေ အရှိန်မြှင့်လုပ်ဆောင်သွားမှာဖြစ်တယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၁၆) ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲ့ မိုးကုတ်ဒေသရှိ တပ်ရင်း တပ်ဖွဲ့တွေကို လက်နက်တပ်ဆင်တဲ့ သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။ မိုးကုတ်ဒေသမှာရှိတဲ့ PDF တပ်ရင်း တပ်ဖွဲ့တွေကို မောင်းပြန်အမျိုးအစားလက်နက်တွေ၊ စက်လက် တွေနဲ့ RPG အမျိုးအစားလက်နက်တွေကို ကာကွယ်ရေးဝန်ကြီးဌာနက…

အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းနိုင်မှ တိုင်းပြည်အနာဂတ်လှပမယ်လို့ KNLA ဒုစစ်ဦးစီးချုပ်ပြော

မော်လမြိုင်၊ ဧပြီ(၁၈) အာဏာရှင်စနစ်အားလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်မှသာ တိုင်းပြည်အနာဂတ် လှပမှာဖြစ်တာကို နား လည်ထားရမှာဖြစ်ပြီး တော်လှန်ရေးကာလမှာ လုံခြုံရေးကိုလည်း အထူးသတိပြုရမယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဒုတိယစစ်ဦးစီးချုပ်က ပြောကြားလိုက်ပါတယ်။ ဧပြီ(၁၇)ရက်နေ့မှာ ကျရောက်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)ရဲ့ (၂)နှစ်ပြည့် တပ်တော်နေ့ အခမ်းအနားသို့ပေးပို့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲရဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ တိုင်းပြည်လိုအပ်ချက်၊…

ဘီးလင်းမှာ မိုင်းပေါက်ပြီးနောက် ဒေသခံလူငယ် ၈ ဦး ဖမ်းဆီးခံရ

ဘီးလင်း၊ ဧပြီ(၁၈)မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာနဲ့ တောင်စွန်းကျေးရွာတို့မှာ ဧပြီ ၁၆ ရက်နေ့က မိုင်း ၂ လုံး ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်က လူငယ် ၈ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက်ပိုင်းက တောင်ကြီးကျေးရွာ၊ ကေလာသတောင်ခြေရင်းရှိ ဘိုဘိုကြီးနတ်စင်အနီး လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲခဲ့သလို တောင်စွန်းကျေးရွာမြို့မရပ်ကွက်ရှိ တောင်စွန်းပန်းခြံအနီးမှာလည်း ဒေသခံတွေရေကစားနေစဉ်…

ကော့သောင်းပစ်ခတ်မှုကြောင့် ထိုင်းဘက်ခြမ်းကို ဒေသခံရာနဲ့ချီ ထွက်ပြေးနေရ

ကော့သောင်း၊ ဧပြီ(၁၈) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဆိပ်ဖူးကျေးရွာမှာ စစ်ကောင်စီသြဇာခံပြည်သူ့စစ်အဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထိုင်ဘက်ခြမ်းကို ဒေသခံရာနဲ့ချီ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ တနင်္သာရီ(ပကဖ)တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းက ဆိပ်ဖူးကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင်ကျော်ဝင်းနဲ့ ဒုခေါင်းဆောင် မြင့်အောင်တို့ကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က နေအိမ်မှာ ဝင်ရောက်ပစ်ခတ်ရှင်းလင်းရာကနေ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ အဲဒီပစ်ခတ်မှုမှာ…