မွန်ပြည်နယ် သထုံမြို့ သင်္ကြန်အကျနေ့ ညနေပိုင်းမှာ ရေကစားသူ နည်းပါးပြီး တိတ်ဆိတ်ခြောက်ကပ်ခဲ့ပါတယ်။

သထုံခရိုင် စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ သင်္ကြန်အကျနေ့မှာ ပြည်သူတွေ ရေပတ်ခံထွက်ကစားသူ မရှိသလောက် နည်းပါးနေသလို နေရာအများစုမှာလည်း တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ခရိုင်စစ်ကောင်စီကတော့ သထုံမြို့မှာ သင်္ကြန်စည်ကားဖို့အတွက် ပထမဆုံးအကြိမ် လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်း ကျင်းပခဲ့ပေမယ့်လည်း လာရောက်လည်ပတ်သူမရှိခဲ့ပါဘူး။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.