၂ဝ၂၃ ခုနှစ် သင်္ကြန်အကျနေ့မှာတော့ မွန်ပြည်နယ် မော်လမြိုင်မြို့တွင်းနဲ့ ကမ်းနားလမ်း နံနက်ပိုင်း မြင်ကွင်းတွေ ဖြစ်ပါတယ်။
မော်လမြိုင် ကမ်းနားလမ်းရှိ မဏ္ဍပ်အချို့မှာတော့ ရေပက်သူ အနည်းအငယ် ရှိနေပေမယ့်လည်း ရေပက်ခံသူမရှိတာကို တွေ့မြင်ရပါတယ်။
မြို့တွင်းအနီးတဝိုက်နဲ့ ကမ်းနားလမ်းတစ်လျှောက်မှာတော့ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။
မွန်စစ်ကောင်စီကတော့ ဒီနှစ်သင်္ကြန်ကို စည်ကားအောင် ကြိုးစားနေပေမဲ့ ပြည်သူတွေကြားမှာတော့ အခုနှစ် သင်္ကြန်အကျနေ့အထိ စိတ်ဝင်စားမှု လျော့နည်းနေတာ ဖြစ်ပါတယ်။
သတင်း/ ဓာတ်ပုံ-သံလွင်တိုင်းမ်