April 14, 2023

စစ်တပ်ရဲ့ လုပ်ရပ်အားလုံးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ ရရာနည်းနဲ့ ဆက်လုပ်မယ်လို့ ဗြိတိန် သံအမတ်ကြီး ပြော

မော်လမြိုင် – ဧပြီ(၁၄) မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ်ဖိနှိပ်ခဲ့တဲ့ လုပ်ရပ်အားလုံးအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိစေဖို့ ရရာနည်းလမ်းနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဗြိတိန်သံအမတ်ကြီး Ms. Barbara Woodward ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲ တမ်း ကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုး ထွန်း ပြုလုပ်တဲ့…

စစ်ကောင်စီ သင်္ကြန်ကို ပူးပေါင်းခဲ့တဲ့ အနုပညာရှင်တွေကို ပြည်သူတွေဆန့်ကျင်နေ

မော်လမြိုင် – ဧပြီ(၁၄) စစ်ကောင်စီကျင်းပနေတဲ့ သွေးစွန်းသင်္ကြန်မှာ ပူးပေါင်းခဲ့တဲ့ အနုပညာရှင်တွေဖြစ်တဲ့ ပိုင်တံခွန်၊ G Fatt၊Floke Rose အပါအဝင် ပူးပေါင်းသူအားလုံးကို ဆန့်ကျင်ကြဖို့ပြည်သူတွေကြားလှုံဆော်မှု တွေမြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၁၃) ရက် သင်္ကြန်အကြိုနေ့က စစ်ကောင်စီနေပြည်တော် စစ်ရုံးချုပ်(ကြည်း၊ရေ၊လေ) မဏ္ဍပ်မှာသူတို့တွေဟာ ပြည်သူတွေရဲ့ ဆန့်ကျင်မှုနဲ့ ရင်ဆိုင်နေရတဲ့ အဆိုတော်ယုန်လေးနဲ့အတူ သွားရောက်ပူး ပေါင်းခဲ့ကြတာပါ။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီမဏ္ဍပ်မှာ…

မွန်ပြည်နယ် သထုံမြို့ သင်္ကြန်အကျနေ့ ညနေပိုင်းမြင်ကွင်း

မွန်ပြည်နယ် သထုံမြို့ သင်္ကြန်အကျနေ့ ညနေပိုင်းမှာ ရေကစားသူ နည်းပါးပြီး တိတ်ဆိတ်ခြောက်ကပ်ခဲ့ပါတယ်။ သထုံခရိုင် စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ သင်္ကြန်အကျနေ့မှာ ပြည်သူတွေ ရေပတ်ခံထွက်ကစားသူ မရှိသလောက် နည်းပါးနေသလို နေရာအများစုမှာလည်း တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ခရိုင်စစ်ကောင်စီကတော့ သထုံမြို့မှာ သင်္ကြန်စည်ကားဖို့အတွက် ပထမဆုံးအကြိမ် လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်း ကျင်းပခဲ့ပေမယ့်လည်း လာရောက်လည်ပတ်သူမရှိခဲ့ပါဘူး။ သတင်း- သံလွင်တိုင်းမ်…

၂၀၂၃ ခုနှစ် ချင်းမိုင် သင်္ကြန်အကျနေ့ မြင်ကွင်း

ချင်းမိုင်သင်္ကြန်အကျနေ့မှာ ရေကစားနေကြသူများနဲ့ စည်းကားနေတာ တွေ့ရပါတယ်ချင်းမိုင်မြို့ဟာ မဟာသင်္ကြန်ကာလမှာ အစည်ကားဆုံးမြို့ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်တဲ့ အချိန်ဖြစ်သလို မြန်မာပြည်သားတွေလည်း နှစ်သစ်ကူးပွဲတော်ကို ထိုင်းလူမျိုးတွေနဲ့အတူ ပါဝင်ဆင်နွဲကြတာ ဖြစ်ပါတယ်။ သတင်း-သံလွင်တိုင်းမ် ဓာတ်ပုံ – ချင်းမိုင်ခရီးသွားအေဂျင်စီ/CJ

မော်လမြိုင် သင်္ကြန်အကျနေ့ မနက်ပိုင်း မြင်ကွင်း

၂ဝ၂၃ ခုနှစ် သင်္ကြန်အကျနေ့မှာတော့ မွန်ပြည်နယ် မော်လမြိုင်မြို့တွင်းနဲ့ ကမ်းနားလမ်း နံနက်ပိုင်း မြင်ကွင်းတွေ ဖြစ်ပါတယ်။ မော်လမြိုင် ကမ်းနားလမ်းရှိ မဏ္ဍပ်အချို့မှာတော့ ရေပက်သူ အနည်းအငယ် ရှိနေပေမယ့်လည်း ရေပက်ခံသူမရှိတာကို တွေ့မြင်ရပါတယ်။ မြို့တွင်းအနီးတဝိုက်နဲ့ ကမ်းနားလမ်းတစ်လျှောက်မှာတော့ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ မွန်စစ်ကောင်စီကတော့ ဒီနှစ်သင်္ကြန်ကို စည်ကားအောင် ကြိုးစားနေပေမဲ့ ပြည်သူတွေကြားမှာတော့ အခုနှစ် သင်္ကြန်အကျနေ့အထိ စိတ်ဝင်စားမှု လျော့နည်းနေတာ ဖြစ်ပါတယ်။…

ဘီးလင်းမှာ လက်နက်ကြီးထိမှန်ပြီး ဒေသခံ ၁၀ ဦးနီးပါးဒဏ်ရာရ

ဘီးလင်း၊ ဧပြီ(၁၄) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာမှာ စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက် ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၁၂ ရက်နေ့ မနက် ၈ နာရီလောက်မှာ အလူးလေးကျေးရွာ ဘုန်းကြီးကျောင်းအနီး ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်က…

ပဇီကြီးတိုက်ခိုက်မှု စစ်အုပ်စုကို ဖမ်းဝရမ်းထုတ်၊ ပြစ်ဒဏ်စီရင်ပေးဖို့တောင်းဆို

ကန့်ဘလူ၊ ဧပြီ(၁၄) ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူတွေ အစုအလိုက် အပြုံအလိုက် သေဆုံးမှုအတွက် စစ်အုပ်စုကို ဖမ်းဝရမ်းထုတ် ပြစ်ဒဏ်စီရင်ပေးဖို့ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ ပကဖရုံး ဖွင့်ပွဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ကျုးလွန်ခဲ့တဲ့အတွက် ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၀၀…

မွန်ပြည်နယ်မှာ သင်္ကြန်အကြိုနေ့ ရေကစားသူနည်းပါးပြီး တိတ်ဆိတ်ခြောက်ကပ်နေ

မော်လမြိုင်၊ ဧပြီ(၁၄) မွန်ပြည်နယ်မှာ စစ်ကောင်စီဦးဆောင်ကျင်းပတဲ့ သင်္ကြန်အကြိုနေ့မှာ ပြည်သူတွေ ရေပတ်ခံထွက်ကစားသူ မရှိသလောက် နည်းပါးနေသလို နေရာအများစုမှာလည်း တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီက သင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် မြို့နယ်အသီးသီးမှာ ဗဟိုမဏ္ဍပ်နဲ့ ဖျော်ဖြေရေးမဏ္ဍပ်တွေ တည်ဆောက်ထားပြီး သင်္ကြန်အကြိုနေ့မှာတော့ စစ်ကောင်စီရဲ့ မဏ္ဍပ်တွေကိုဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေဟာ စစ်ကောင်စီရဲ့မဏ္ဍပ်တွေမှာ ရေပက်ခံထွက်ကစားတာမရှိသလို…

မြဝတီတိုက်ပွဲမှာ PDF ရဲဘော် ၅ ဦးကျဆုံးပြီး ၈ ဦးဒဏ်ရာရ

မြဝတီ၊ ဧပြီ၊ (၁၄) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့အနီးမှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစပြီး ဧပြီလ(၁၂)ရက်နေ့အထိ စစ်ကောင်စီတပ် နယ်ခြားစောင့်တပ် BGF နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့ တို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း PDF ရဲဘော် ၅ ဦး ကျဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၅)ရက်နေ့က မြဝတီကုန်သွယ်ရေးဇုန်တိုက်ပွဲကနေစတင်ပြီး မြဝတီမြို့အနီးတဝိုက်မှာ…