“မီးမရှို့ခံရတဲ့ ရွာကလည်း မရှိသလောက်၊ ဒုက္ခမရောက်တဲ့သူကလည်း မရှိသလောက်၊ စားဝတ်နေရေးတောင် အနိုင်နိုင်ဖြေရှင်း နေရတဲ့ နယ်သူ၊ နယ်သားတွေ၊ ပြည်သူတွေဖြစ်နေတော့ ပြည်သူတွေဆီကနေ ထောက်ပံ့ပေးပါတော့ ကျွန်တော်ကတော့ မပြောရက်တော့ပါဘူး”

စစ်ကိုင်းတိုင်းဒေသကြီး၊ CDSOM မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ဟာ နယ်တကာလှည့်ပြီး PDF တပ်ဖွဲ့ဝင်တွေကို ခေါင်းဖြတ်သတ်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ဘီလူးကွန်မန်ဒိုစစ်ကြောင်းကို ရင်ဆိုင်တိုက် ခိုက်ခဲ့တဲ့ တပ်ဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ဘီလူးစစ်ကြောင်း ထိတွေ့တိုက်ပွဲ အခြေအနေ၊ ဒုတပ်ရင်း မှူး ဗိုလ်ဆင်ရိုင်း ခေါင်းဖြတ်သတ်ခံရမှု၊ လတ်တလော အညာဒေသစစ်ရေးအပါအဝင် အခက်အခဲတွေနဲ့ ပတ် သက်ပြီး CDSOM မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့မှ ကိုနွေဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်

-အရင်ဆုံး အညာဒေသရဲ့ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

အညာဒေသရဲ့ စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီကို ဘယ်လိုရင်ဆိုငနေရသလဲဆိုတော့ ပြည်သူတွေ လှူတဲ့ တန်းတဲ့ ငွေကြေးတွေလက်နက်တွေ ခဲယမ်းတွေ၊ ကျည်တွေဝယ်နိုင်တယ်။ အဲဒီတော့ ရင်ဆိုင်ရတဲ့ပုံက အရင် နဲ့တော့ မတူတော့ ကိုယ့်ဘက်က အောင်မြင်မှုတွေ ပိုရလာတယ်။ ဒါပေမယ့် ပြည့်စုံတဲ့အောင်မြင်မှုအထိတော့ မဟုတ်သေးဘူးပေါ့။ ပြည်သူတွေ လှူတယ်ဆိုတဲ့နေရာမှာလည်း အရင်ကလိုမျိုး လှူနိုင်တန်းနိုင်တာ မဟုတ်ကြ တော့ အကုန်လုံးက ခက်ခဲကုန်ကြတော့ တော်တော်ကိုခြိုးခြံချွေတာပြီး လက်နက်ခဲယမ်းဝယ်နိုင်ဖို့ အဖွဲ့တိုင်းနီး ပါးတွေက ရုန်းကန်နေကြရတယ်။ ထောက်ပံ့ပေးတဲ့အဖွဲ့တွေဆို အဆင်ပြေတယ်။ ထောက်ပံ့မှုမရတဲ့အဖွဲ့တွေ ဆို စားရေးသောက်ရေးကအစ တော်တော်ခက်ခဲလာတဲ့ အပိုင်းရှိတယ်။ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကတော့ အများကြီးကြုံလာတယ်။

-စစ်ကောင်စီတပ်ရဲ့ ဘီလူးကွန်မန်ဒို စစ်ကြောင်းကို ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲ ဖြစ်စဉ်အပေါ် ပြောပြ ပေးပါဦး။

ဘီလူးစစ်ကြောင်းက မတ်လ၃ရက်နေ့မှာစဝင်တယ်။ ကြားဖြတ်တိုက်ပွဲတွေက နေ့စဉ်ဖြစ်တယ်။ အကြီးမားဆုံး တိုက်ပွဲက ၁၅ရက်နေ့မှာ ဖြစ်တယ်။ ၁၅ရက်နေ့မှာ သူတို့ ၈ယောက်ကျတယ်။ ၁၆ရက်မှာသူတို့ ၉ကောင်ကျ တယ်။ ၂၀ရက်နေ့မှာ ရေစကြိုကို ထွက်တယ်။ ၂၁ရက်နေ့မှာပြန်လာတဲ့လမ်းမှာ ကျွန်တော်တို့  ဖြတ်တိုက်တဲ့ တိုက်ပွဲဖြစ်ပွားချိန်က၂နာရီခွဲကြာတယ်။  သူတို့၂၁ယောက်ကျတယ်။ ကျတဲ့ထဲမှာ စစ်ကြောင်းမှူးလည်း ပါသွား သလို မြေမြှုပ်သွားခဲ့တဲ့ တပ်ကြပ်ကြီးမြင့်ကျော်ရဲ့ အလောင်းကိုလည်း အမိန့်ပြန်တမ်းစာနဲ့ ကျွန်တော်တို့ရခဲ့ တယ်။ သူတို့သေဆုံးသူများသလို ဒဏ်ရာရသူလည်း များတယ်။

-ဒီတိုက်ပွဲအတွင်း ဒုတပ်ရင်းမှူးဗိုလ်ဆင်ရိုင်း ဘာကြောင့် ကျဆုံးသွားခဲ့ရတာလဲ။ ဒီကျဆုံးမှုဟာ အဖွဲ့အတွက် ဘယ်လောက်အထိ နစ်နာမှုတွေရှိခဲ့လဲ။

ကျွန်တော်တို့ အဖွဲ့စတင်တည်ထောင်တည်းက သူပဲသင်တန်းတွေ ဦးဆောင်ပေးခဲ့တယ်။ စည်းကမ်းထိန်းသိမ်း ရေးကအစ သူပဲ စီစဉ်ဆောင်ရွက်ခဲ့တယ်။ တော်လည်းတော်တယ် ။ သူကိုယ်တိုင်လည်း စည်းကမ်းရှိတယ်။ စိတ်ရင်းစိတ်ဓာတ်က တော်တော်လေးရိုးရှင်းပြီး ကောင်းတဲ့သူပေါ့ဗျာ။ စခန်းကတော့ ကျွန်တော်တို့ ၃၀ရက်နေ့ မှာပဲ  မနက်၅နာရီကျော်လောက်မှာ ဘီလူးစစ်ကြောင်းကနေ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး စခန်းကို ညှပ်ပြီးဝင် တာပေါ့။ စစ်ကြောင်းက တောင်ဘက်ကတစ်ခု၊ မြောက်ဘက်ကတစ်ခု ညှပ်ပြီးဝင်တဲ့ အခြေအနေပေါ့။ သူတို့က စခန်းထဲရောက်လာတဲ့ ခွေးတွေကို ပြန်ခုခံဖို့ လက်နက်ကမရှိဘူး။ ပြန်ခုခံစရာ ဘာလက်နက်မရှိဘူး။ ဝင်လာတဲ့ စစ်ခွေးတွေကို ပြန်ခုခံစရာ လက်နက်တစ်လက်မှ မရှိဘူး။ တဖက်သတ်ပစ်တာကိုပဲ ခံပြီးတော့ ပြေးနေရတာ ပေါ့။ ကိုဆင်ရိုင်းကတော့ လွတ်တယ်။  နောက်မှာကျန်ခဲ့တဲ့ CDM ဗိုလ်ကြီးလည်း သူ့ဆီမှာ ခေါ်ထားတာ ရှိ တယ်။ CDM ဗိုလ်ကြီး လဲကျနေတာကို ကိုဆင်ရိုင်းက ပြန်လှည့်ဆွဲထူခေါ်တော့ ကိုဆင်ရိုင်းက မလွတ်နိုင်ဘူး ဖြစ်သွားတာပေါ့။ သူ့သူငယ်ချင်းကလည်း အဖမ်းခံရတယ်။ သူအပါအဝင် ရဲဘော်နှစ်ယောက်ကလည်း အသတ် ခံလိုက်ရတယ်။ သူကတော့ လက်ဖြတ်၊ ခေါင်းဖြတ် အသတ်ခံလိုက်ရတာပေါ့။ သူ့နှလုံးသားက တကယ်တမ်း အရေးကြုံရတော့ သူ့ရဲ့ ရဲဘော်ရဲဘက်စိတ်ဓာတ် ဘယ်လောက်ရှိတယ်။ သူ့ရဲဘော်တွေအပေါ် ဘယ်လိုသ ဘောထားဆက်ဆံလဲဆိုတာ ဒီလုပ်ရပ်အပေါ် ကြည့်လိုက်တာနဲ့ သူ့အတွင်းစိတ်ကို မှန်းကြည့်လို့ ရနိုင်ပါတယ်။

-ဘီလူးစစ်ကြောင်းနဲ့ ပုံမှန်စစ်ကောင်စီစစ်ကြောင်းနဲ့ ရင်ဆိုင်ရပုံခြင်း ဘယ်လိုကွာခြားမှုတွေရှိလဲ။

ဘီလူးစစ်ကြောင်း ဒီကောင်တွေက အသေခံရဲတယ်။ ဘယ်လောက်ပဲ မိုင်းခွဲခွဲ၊ ပစ်ပစ် သူတို့က ဘာမှဂရုမ စိုက်တဲ့ပုံစံနဲ့ တက်စရာရှိလည်းတက်တယ်။ တစ်ယောက်ထိလည်း ကျန်တဲ့လူနဲ့ ဆက်တက်တယ်။ တပ်ဖျောက် တဲ့နေရာလည်း တော်တော်ကောင်းတယ်။ လမ်းကြောင်းကို ခန့်မှန်းလို့မရအောင်လည်း သူတို့ကသွားတယ်။  ဗျူဟာပိုင်းလည်း တော်တော်လေးကောင်းတယ်။ တပ်ဖျောက်လိုက်ရင်လည်း ဒီလောက်အင်အားအများကြီးကို ရှာလို့မတွေ့အောင် ဖျောက်နိုင်တယ်။ တခြားစစ်ကြောင်းတွေနဲ့ မတူတဲ့အနေအထားမို့ ကျွန်တော်တို့ဆို တော် တော်လေး ဂရုစိုက်ပြီး ရင်ဆိုင်ရပါတယ်။

-အခုနောက်ပိုင်း အညာဒေသကို စစ်ကောင်စီဘက်က အပြင်းအထန် ဖိနှိပ်လာတာ တွေ့ရပါတယ်။ဒီအပေါ်မှာ ဘယ်လို မြင်ပါသလဲ။

စစ်ကိုင်းတိုင်းတစ်ခုလုံး နီးပါးပါပဲ။ ရေစကြိုမှာဆိုလည်း စခန်းသိမ်းခံရပြီး ရဲဘော်ငါးယောက်ကျသွားတယ်။ နှစ်လပိုင်းနဲ့သုံးလပိုင်းမှာ  PDF တွေ အသတ်ခံရတာတွေ ပြည်သူတွေအပါအဝင်ပေါ့။ တော်လှန်ရေးအင်အား ကောင်းပြီး စစ်ကောင်စီရဲ့ စိုးမိုးမှုပြန်လိုချင်လို့ သူတို့အစွမ်းကုန် အင်အားအကောင်းဆုံးနေရာတွေကို ဖိတိုက်လို့ ပြိုသွားရင် ကျန်တဲ့နေရာတွေကို လွယ်လွယ်နဲ့ ဖြိုလို့ရတယ်။ ဒါကြောင့်မို့ သူတို့ အကုန်လုံးကို လိုက်ဖြိုခွဲနေတာ အဲဒီလိုမျိုး မြင်မိတယ်။

-အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုရော ဘာတွေများ ပြောချင်တာရှိမလဲ။

ကျွန်တော်တို့ NUG နဲ့ ချိတ်ဆက်မှုက ရှိပါတယ်။ ရှိတယ်ဆိုတာ ၂၀၂၁ ၅လပိုင်းကနေ တောက်လျောက် အ ချိတ်အဆက်တွေကတော့ ရှိခဲ့တယ်ပေါ့။ NUGဆိုတာ တစ်နိုင်ငံလုံးက ပြည်သူတွေရော PDF တပ်ရင်းတပ်ဖွဲ့ တွေ LOCAL တွေကအစ NUG အစိုးရကိုပဲ ကိုယ့်အစိုးရအဖြစ် အသိအမှတ်ပြုထားတာပေါ့။ NUG အစိုးရဖြစ် ဖို့အတွက် စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေကြတာပေါ့။ NUG ထဲက အားနည်းတဲ့ဌာနတွေကိုပဲ ထောက် ပြရင် လက်ခံရမှာပေါ့။ ထောက်ပြလို့ အားနည်းချက်ကိုပြောလို့  ရန်သူလိုဆက်ဆံမယ်ဆိုရင် ဒီအမှားကြီးထဲ မှာပဲ သူတို့လုံးချာပတ်ချာလည်လိုက်သွားမှာပေါ့။ တော်လှန်ရေးက မပြီးဘူးဆိုရင် ပြည်သူတွေ စားစရာမရှိပိုပြီး ဒုက္ခရောက်ကုန်မယ်။ အသတ်ခံရတာတွေ၊ တိုက်ပွဲထဲမှာ ကျဆုံးတာတွေ အပြစ်မဲ့ပြည်သူတွေလည်း ရှောင်ရ တိမ်းရ၊ အိုးအိမ်တွေလည်း မီးရှို့ခံရ၊ တော်လှန်ရေးအမြန်ပြီးမှ ဖြစ်မှာဆိုတော့ တော်လှန်ရေးတစ်ခုကိုပဲ အာရုံ စိုက်စေချင်တယ်။ တော်လှန်ရေးပြီးနိုင်မယ့် အရာတွေကို ပြန်ပြီးစုစည်းမှရမှာပါ။  ငါ့လူ၊ ငါ့အဖွဲ့မို့လို  ဒါတွေပဲ နေရာရရေး ဦးစားပေးလုပ်ကြမယ်ဆိုရင် တော်လှန်ရေးက ပြီးမှာမဟုတ်ဘူး။ ကိုယ့်လူကိုယ့်ပါတီ ကိုယ့်အဖွဲ့ အစည်းဆိုပြီး မခွဲခြားဘဲ ခေါင်းဆောင်ကောင်း စိတ်ဓာတ်တွေနဲ့ လုပ်ကြမယ်ဆိုရင် တော်လှန်ရေးက အမြန်ပြီး မြောက်မယ့်နည်းလမ်းတစ်ခုလို့ပဲ ကျွန်တော်ကသေသေချာချာကို ယုံကြည်ထားပါတယ်။

– နောက်ဆုံးအနေနဲ့ ပြည်သူတွေကို ဘာသတင်းစကားများ ပြောပြချင်တာရှိမလဲ။ ပြောပြပေးပါဦး။

သတင်းစကားကတော့ နှစ်ခုလောက်ပါးချင်ပါတယ်။ သူတို့အတွက် အရေးကြီးတဲ့သတင်းစကားပေါ့။ ဒီစစ် ကြောင်းကသတ်ဖို့၊ ဖြတ်ဖို့ လေ့ကျင့်ထားတဲ့ စစ်ကြောင်းလို့ပဲပြောရမယ်။ ပြည်သူပဲဖြစ်ဖြစ် PDF ပဲဖြစ်ဖြစ် တွေ့ ရင် သတ်တာ။ သတ်ရင်လည်း ရက်ရက်စက်စက်သတ်တာ။ သူတို့နဲ့အဝေးဆုံးရှောင်နိုင်အောင် သူတို့နဲ့ဝေးလေ အန္တရာယ်ကင်းလေ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ကာကွယ်ရေးအဖွဲ့တွေက ရှောင်ဖို့ပြောတဲ့အခါ လွတ် ရာကျွတ်ရာကို ရှောင်ကြတိမ်းကြဖို့ အရေးကြီးတယ်ပေါ့။ မရှောင်နိုင်ရင် ရွာထဲမှာကျန်ခဲ့ရင် သူတို့က ရွာထဲ ရောက်နေရင် ကျွန်တော်တို့က ပြည်သူတွေရှိရင် ဘာမှလုပ်လို့မရတဲ့ အခြေအနေမျိုးတွေ ကြုံခဲ့တာ မနည်း တော့ဘူး။ ဘေးကင်းရာ သူတို့ရှောင်နိုင်ရင် ကျွန်တော်တို့လည်း ဘာမှငဲ့စရာ လူမရှိတော့ဘူးဆိုရင် အလုပ် လည်းကောင်းကောင်းလုပ်လို့ရတာပေါ့။ အလုပ်လည်းကောင်းကောင်းလုပ်နိုင်ဖို့နဲ့ သူတို့လည်း အသက် အန္တရာယ်ကင်းရှင်းဖို့အတွက် စစ်ကြောင်းလာပြီဆိုရင် ဘေးကင်းရာရှောင်ကြဖို့ ပထမတစ်ခုအနေနဲ့ ပြော ချင်တယ်။ နောက်တစ်ခုက ပြည်သူတွေကို ပြောရမှာလည်း အားနာတယ်။ ကျွန်တော်တို့ LOCAL တွေဆိုတာ စစ်ကောင်စီကို တိုက်နေခိုက်နေကြတဲ့ လက်နက်ခဲယမ်းတွေဆိုတာ ကိုယ်တိုက်လို့ ကုန်သွားလို့ရှိရင် အဆင် သင့်ပြန်ထုတ်ပေးတဲ့နေရာဆိုတာ ကျွန်တော်တို့မှာမရှိဘူး။ ပြည်သူတွေလှူတာနဲ့ပဲ ပြန်ဝယ်ပြန်တိုက် အဲဒီ လိုမျိုးလုပ်ကြရတာ။  လှူပါတန်းပါလို့လည်း မပြောရက်တော့ဘူး။ မီးမရှို့ခံရတဲ့ ရွာကလည်း မရှိသလောက်၊ ဒုက္ခမရောက်တဲ့သူကလည်း မရှိသလောက်၊ စားဝတ်နေရေးတောင် အနိုင်နိုင်ဖြေရှင်းနေရတဲ့ နယ်သူ၊ နယ်သား တွေ ပြည်သူတွေ ဖြစ်နေတော့ ပြည်သူတွေဆီကနေ ထောက်ပံ့ပေးပါတော့ ကျွန်တော်ကတော့ မပြောရက် တော့ပါဘူး။ စစ်ကောင်စီကိုတိုက်ဖို့ လိုအပ်နေတဲ့ ပစ္စည်းတွေကို NUGအနေနဲ့ ထောက်ပံ့ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ ဒီတော်လှန်ရေးခရီးကို မြန်မြန်ဆန်ဆန်နဲ့ ရှေ့ပိုရောက်အောင် လုပ်နိုင်တာပေါ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.