လားရှိုး – ဧပြီ(၁၃)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရန်အောင်ဘုရားအနီးက သင်္ကြန်မဏ္ဍပ်မှာ ဗုံး(၃)လုံး ဆင့်ပေါက်ကွဲပြီး အမျိုးသား(၅) ဦးသေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုအတည်ပြုပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ ဧပြီလ(၁၃) ရက်နေ့ သင်္ကြန်အကြိုနေ့ မနက်(၁၁) နာရီကျော်က ရန်အောင်ဘုရား အနီး စတုဒီသာကျွေးနေတဲ့ သင်္ကြန်မဏ္ဍပ် အနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

လက်ရှိမှာတော့ သေဆုံးသူတွေနဲ့ ထိိခိုက်ဒဏ်ရာရရှိသူတွေကို ဒေသတွင်း လူမှုကူညီရေးအသင်း ကားတွေတွေ ဆေးရုံပို့ဆောင်ထားတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လမ်းပိတ်ဆို့စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးမှုအခြေအနေအသေးစိတ်ကို သံလွင်တိုင်းမ် အနေနဲ့ မသိရသေးသလို ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုလည်း ထုတ်ပြန်ထားတာမရှိသေးပါဘူး။

တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီကျင်းပတဲ့ သွေးစွန်းသင်္ကြန်မှာ ပြည်သူတွေ ပါဝင်ဆင်နွှဲတာတွေ မလုပ်ကြဖို့ တိုက်တွန်းထားသလို စစ်ကောင်စီက PDF အယောင်ဆောင်ပြီး ပြည်သူတွေ ထိခိုက်နစ်နာအောင်ဖောက်ခွဲတိုက်ခိုက်မှုတွေလုပ်ဆောင်လာနိုင်တယ်လို့လည်း သတိပေးထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.