April 9, 2023

ရေဖြူဒေသခံတစ်ဦးကို စစ်ကောင်စီရေတပ်က အကြောင်းမဲ့ပစ်သတ်

ရေဖြူ၊ ဧပြီ(၉) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာ ဒေသခံအမျိုးသားတစ်ဦးကို ကံပေါက်အခြေစိုက် မောရဝတီရေတပ်က အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ ညနေပိုင်းက ဇာဒီကျေးရွာအနီးရှိ ရော်ဘာခြံကနေ နေအိမ်ပြန်လာတဲ့ အသက် ၂၇ နှစ်အရွယ် ကိုအောင်ကိုဟာ မောရဝတီရေတပ်စခန်းမှ စစ်ကား ၃ စီးနဲ့ တွေ့ဆုံစဉ်…

သထုံအခြေစိုက် စစ်ကောင်စီ ခမရ (၉) တပ်ရင်း တိုက်ခိုက်ခံ

သထုံ၊ ဧပြီ(၉) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၉) တပ်ရင်းကို KNLA ပူးပေါင်းတပ်က လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီ ခမရ (၉) တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်…

ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ စစ်ကောင်စီတိုးမြှင့်

နေပြည်တော် ၊ ဧပြီ (၉) လာမယ့်ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲ ခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီထုတ်ပြန်တဲ့ ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအချက်အလက်တွေအရ သိရပါတယ်။ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကို စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့မှာ ပြဌာန်းခဲ့တာဖြစ်ပြီး ဧပြီ ၁ ရက်နေ့ကစပြီး…

တိုက်ပွဲတွေကြောင့် ကရင်စစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်ချက် ပိုမိုမြင့်မားလာ

မြဝတီ၊ ဧပြီ(၉) ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအခြေအနေ ပိုမိုပြင်းထန်လာတာကြောင့် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးစတဲ့ လူသားချင်းစာနာမှုအကူအညီတွေလည်း ပိုမိုလိုအပ်လျက်ရှိနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ်အနီးရှိ နေရာတစ်ဝိုက်နဲ့ မဲကနယ်၊ အာရှလမ်း၊ ကော့ကရိတ်၊ ကျုံဒိုးမြို့တွေမှာ စစ်ကောင်စီ BGF ပူးပေါင်းအဖွဲ့နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့…

ဘီးလင်းယာဉ်တိုက်မှုမှာ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ဘီးလင်း၊ ဧပြီ(၉) မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျောက်ရေတွင်းကျေရွာ တာယာစက်ရုံအနီး ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်မှာ ဟိုက်ဂျက်ယာဉ်နဲ့ ခရီးသည်တင်မှန်လုံယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၈ ရက်နေ့ မနက်ပိုင်းက ကျိုက်ထိုဘက်ကနေ မောင်းနှင်းလာတဲ့ ဟိုက်ဂျက်ယာဉ်နဲ့ မော်လမြိုင်ဘက်ခြမ်းကမောင်းလာတဲ့…

တနင်္သာရီမှာ စစ်ကောင်စီရိက္ခာယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

တနင်္သာရီ၊ ဧပြီ(၉)တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ချောင်းညီကိုကျေးရွာအနီးမှာ ဧပြီ ၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ ရိက္ခာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၇ နာရီလောက်မှာ မြိတ်မြို့နယ်ဘက်ကနေ ဘုတ်ပြင်းမြို့နယ်ဘက်ကို ဆင်းလာတဲ့ ကား ၄ စီးပါ စစ်ကောင်စီရိက္ခာယာဉ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။…

ကျားဖြူစစ်ကြောင်း၊ ကျားဖြူ တပ်ခွဲ – ၃၊ ဒုတိယတပ်ခွဲမှူးဖြစ်သူ ပျံလွှားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပျံလွှားနဲ့ ဆက်သွယ်မေးမြန်းချက်

“ကျွန်တော်အနေနဲ့ တောင်းဆိုချင်တာက ပြည်သူလူထုတွေ ဒီ၂၀၂၃ကိုတော့ အားတင်းထားပေးဖို့ တောင်းဆိုချင်တယ်။ ဒီတစ်နှစ်က ကျွန်တော်ရဲ့ တစ်ဦးတစ်ယောက်အမြင်ဆို ဒီ၂၀၂၃က အဖြေတော့ ကောင်းကောင်းကြီးပေါ်မယ်လို့ မြင်တယ်” ပျံလွှားတပ်ဖွဲ့ဟာ စစ်အာဏာရှင်စနစ်ကို ရရာလက်နက်စွဲကိုင် တော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခု ဖြစ်ပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်မှာ စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပျံလွှား တပ်ဖွဲ့ဟာ စစ်အာဏာရှင် ကျဆုံးရေးအတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး…