မော်လမြိုင်၊ ဧပြီ(၈)မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ဘဝမလုံခြုံမှု ပြဿနာတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းနီးပါးအထိ ရှိလာပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA Myanmar က ဧပြီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

UNOCHA Myanmar အဆိုအရ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၄ သန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထွက်ပြေးနေရသူတွေ ဖြစ်ပြီး ကျန် ၀ ဒသမ ၄ သန်းဟာ အာဏာမသိမ်းမီ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အခုနောက်ပိုင်းကာလတွေမှာ နိုင်ငံနေရာအနှံ့ တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်အသစ်တွေ ဖြစ်ပေါ်နေပေမယ့် ကုန်စည်နဲ့လူသွားလာမှုတွေကို ပိုမိုကန့်သတ်ခံနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု၊ မိုးညှင်းမြို့နယ်အတွင်း ပေါက်ကွဲမှုတွေ၊ ဖား ကန့်၊ ရွှေကူနဲ့ဆွမ်ပရာဘွမ်မြို့နယ်အတွင်း စစ်ကြောင်းထိုးတာနဲ့ အရပ်သားတွေကို ဖမ်း ဆီးစစ်ဆေးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို အခြေအနေတွေကြောင့် ရွှေကူမြို့နယ်အတွင်း ကျေးရွာအများစုက ဒေသခံ ၁၃၀၀ ကျော်ဟာ မတ်လ အစောပိုင်းကတည်းက အိုးအိမ်စွန့်ခွာတိမ်းရှောင်နေကြရပြီး ယာယီစခန်း (၁၀) ခုနဲ့တောတောင်တွေထဲမှာ နေထိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

UNOCHA Myanmar ကတော့ နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေနဲ့ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေသူတွေအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ မရှိမဖြစ်လိုအပ်တဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေကို ကူညီပေးနိုင်ဖို့ ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ

All reactions:197197

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.