ထိုင်ဝမ်၊ ဧပြီ(၈)
တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်ဝမ်သံအမတ်ကြီးနဲ့ မိသားစုဝင်တွေကို တရုတ်ပြည်မကြီး၊ ဟောင် ကောင်နဲ့ မကာအိုသို့ ဝင်ရောက်ခြင်းကနေ တားမြစ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဧပြီ ၇ ရက်နေ့ မှာ ဖော်ပြ ခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ရေးရာရုံးမှ ထုတ်ပြန်တဲ့ ပိတ်ဆို့အရေးယူမှုမှာ သူ့ရဲ့ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကုမ္ပဏီတွေကို ပြည်မကြီးအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့လည်း တားမြစ်ထားတာဖြစ် ပါတယ်။
ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က အခုသီတင်းပတ်အတွင်း အမေရိကန်မှာ ခရီးတစ်ထောက်နားစဉ် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌကယ်ဗင် မက်ကာသီ နဲ့ တွေ့ဆုံပြီးနောက် အဲဒီထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
” ”ဝိုး” PRC (တရုတ်ပြည်သူ့သမ္မတနိုင်ငံ) က ကျွန်မကို ဒုတိယအကြိမ် ဒဏ်ခတ်အရေးယူလိုက်ပြန်ပါပီ” လို့ သူမက ကြေညာချက်ကို တုံ့ပြန်တဲ့အနေနဲ့ တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံဟာ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဟောင်းတစ်ဦး ဦးဆောင်တဲ့ The Prospect Foundation ကိုလည်း အလားတူ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ဖူးတာပါ။
“ထိုင်ဝမ်လွတ်လပ်ရေး”ဆိုတဲ့ အယူအဆကို နိုင်ငံတကာမှာ မြှင့်တင်နေတဲ့ အဖွဲ့အစည်းတွေကို တရုတ်တိုင် ပေရေးရာရုံးက စွပ်စွဲခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လမှာ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း နန်စီပေလိုစီက ထိုင်ဝမ်သို့ သွားရောက် လည်ပတ်ပြီးနောက်မှာ တရုတ်မှ ရှုတ်ချမှုအဖြစ် သူမ အပါအဝင် ထိုင်ဝမ်အရာရှိတွေနဲ့ ဥပဒေပြုအမတ် ခုနစ်ဦး တို့အား ပြည်ဝင်ခွင့် ပိတ်ပင်မှုအပါအဝင် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်ပြီး သီးခြားနိုင်ငံမဟုတ်ဘူးလို့ဆိုပေမယ့် ထိုင်ဝမ်အစိုးရက တရုတ်နိုင်ငံရဲ့ အဆိုကို ငြင်းဆိုထားတာပါ။
ထိုင်ဝမ် အကြီးတန်းအရာရှိတွေက ထိုင်ဝမ်မှာ တရုတ်တရားရုံးများ စီရင်ပိုင်ခွင့်မရှိပေမယ့်လည်း တရုတ်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ လက်တွေ့ကျတဲ့ အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိမယ်လို့ ဆိုထားပါတယ်။
DPP အမတ် ချောင်တိုင်အင်က ဒီလိုထိုင်ဝမ်ကိုယ်စားလှယ်ကို တရုတ်ကပိတ်ဆို့အရေးယူမှုဟာ အဓိပ္ပာယ်မရှိ ဘူးလို့ ပြောဆိုခဲ့ကာ “ဒါက သူ့အပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး” လို့ လွှတ်တော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Ref: CNA