March 2023

ခင်ဦးမြို့ကကျေးရွာတွေမှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ပညာပေး ဟောပြောပွဲကျင်းပ

ခင်ဦး – မတ်(၈) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာ(၃) ရွာမှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ပညာပေး အကြိုဟောပြောပွဲတွေ ကျင်းပခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၇) ရက်နေ့က အမျိုးသားညီညွတ်ရေးအစ အကြိုသက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးရဲ့ ယန္တရားတွေသိသာထင်ရှားစွာ တရားဝင် လည်ပတ်နေမှု(အသက်ဝင်နေမှု) သိရှိ ကြစေဖို့နဲ့ အမျိုးသမီးတွေအတွက် အခွင့်အရေးတွေ တန်းတူညီမျှစွာရရှိစေရေး ကျယ်ကျယ် ပြန့်ပြန့်သိရှိကြစေဖို့ ရည်ရွယ်ချက်တွေနဲ့…

KNU ဖာပွန်ခရိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး နေအိမ် ၃၀ ကျော် ပျက်စီး

ဖာပွန်၊ မတ်(၈) ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေထဲမှာ လေကြောင်းတိုက်ခိုက်မှု ပိုမိုအ သုံးပြုလာတဲ့ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ(၁)လအတွင်း အရပ်သားပြည်သူ(၃) ဦး သေဆုံးပြီး နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ တပ်မဟာ(၅)က မတ် ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလ (၁)လအတွင်း ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းရှိ အရပ်သားပြည်သူတွေရဲ့ လယ်ယာ…

အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုက အားရကျေနပ်စရာရှိလာတယ်လို့ NUG ပြော

မော်လမြိုင် – မတ်(၈) စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို အမေရိကန်နဲ့ တကွ အနောက်နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုတွေဟာ အတိုင်းအတာ တစ်ခုအထိ အားရကျေနပ်စရာရှိလာ ပေမယ့် တော်လှန်ရေးအင်အားစုတွေအတွက် ဒီထက်ပိုမိုထိရောက်တဲ့ အကူအညီပံ့ပိုးမှုတွေ လိုသေး တယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၇) ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၉) ကြိမ်မြောက် အစည်းအဝေးမှာ…

ပြည်ပတင်ပို့နိုင်တဲ့ MSME ထုတ်ကုန်ထုတ်ဖို့ စစ်ကောင်စီပြောနေပေမယ့် လျှပ်စစ်မီးပင်မှန်အောင် မပေးနိုင်သေး

မော်လမြိုင် ၊ မတ် (၈) မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း MSMEs တွေအနေနဲ့ ဒေသတစ်ခု ထုတ်ကုန်တစ်ခုထုတ်လုပ်ဖို့နဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ ပြည်ပတင်ပို့နိုင်တဲ့အထိ ဆောင်ရွက်ကြဖို့ စစ်ကောင်စီက ပြောဆိုလာတာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ပြည်နယ်အတွင်းရှိ မြို့နယ်တစ်ချို့မှာ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွား ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီရဲ့ MSMEs စကားဝိုင်းဆွေးနွေးပွဲတွေကို ဆက်တိုက်ပြုလုပ်နေပြီး…

အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အဆိုးဝါးဆုံးညှဉ်းပန်းနှိပ်စက်ခံနေရ

မော်လမြိုင်၊ မတ်(၈) မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ အိုးဘိုအကျဉ်းထောင်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်း ထောင်တွေထဲမှာ လူ့အခွင့်အရေးအချိုးဖောက်ဆုံး ထောင်ဖြစ်လာသလို နိုင်ငံရေးအကျဉ်းသားတွေ အဆိုးဝါးဆုံး ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတွေနဲ့ မိသားစုဝင်တွေက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ အိုးဘိုအကျဉ်းထောင်ဝန်းထမ်းတွေက နိုင်ငံရေးအကျဉ်းသား တွေကို အကြမ်းဖက်ရိုက်နှက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်အတွက် အာဏာ…

KNU ညောင်လေးပင်ခရိုင်က ဒေသခံ ၃၀၀၀ ကျော် ထပ်မံထွက်ပြေးနေရ

ညောင်လေးပင်၊ မတ်(၈) ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်ဘေးရှောင် အများဆုံးရှိတဲ့ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ် နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် ကျေးရွာ ၆ ရွာက ဒေသခံ ၃၀၀၀ ကျော် ထပ်မံထွက်ပြေးနေရတယ်လို့ KNU က မတ် ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၇)နဲ့ (၂၈)ရက်နေ့တို့မှာ…

ရေးမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိနိုင်

ရေး၊ မတ်(၈) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးတံတားကြီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ မတ် ၇ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ ပိတ်ဆို့စစ်ဆေးမှုတွေ တင်းကျပ်ထားတဲ့ စစ်ကောင်စီ ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့ တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့က ဒရုန်းနဲ့လာရောက် တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုမှာ…

စနစ်မကျတဲ့ အခွန်ကောက်ခံမှုတွေကို လုံးဝခွင့်ပြုမှာ မဟုတ်ဘူးလို့ NUG ယာယီသမ္မတပြော

မော်လမြိုင် – မတ်(၇) အစိုးရအဖွဲ့အစည်းအဝေး မှာ ပြည်ထောင်စု အခွန်ကောက်ဥပဒေ တင်ပြအတည်ပြုမယ့် ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတက စနစ်မကျတဲ့ အခွန်ကောက်ခံမှု တွေကို လုံးဝ ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒီနေ့ မတ်လ(၇) ရက်မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၉) ကြိမ်မြောက် အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီဌာန…

အင်ဒိုနီးရှားမှာ မြေပြိုမှုကြောင့် ၁၁ ဦးသေဆုံးပြီး လူပေါင်းဒါဇင်နဲ့ချီပျောက်ဆုံးနေ

ဂျာကာတာ၊ မတ်(၈) အင်ဒိုနီးရှားနိုင်ငံ နာကျူနာဒေသမှာ မတ်(၇)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး မြေပြိုမှု ကြောင့် အနည်းဆုံး လူ ၁၁ ဦးသေဆုံးခဲ့ကာ လူပေါင်းဒါဇင်နဲ့ချီ ပျောက်ဆုံးနေကြောင်း နိုင်ငံရဲ့ ဘေးအန္တရာယ်လျှော့ ချရေး အေဂျင်စီက ပြောပါတယ်။ ခန့်မန်းခြေ လူ ၁၁ ဦးသေဆုံးထားပြီး လူ ၅၀ကျော် ပျောက်ဆုံးနေတယ်လို့ ဒေသတွင်း ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Kompas TV…

ကျောင်းသူတွေကို အဆိပ်ခတ်ခဲ့သူတွေအတွက် သေဒဏ်ချမှတ်ပေးဖို့ အီရန်ခေါင်းဆောင် တစ်ဦး တောင်ဆို

တီဟီရန် – မတ်(၈) အီရန်နိုင်ငံမှာ ရာနဲ့ချီတဲ့ ကျောင်းသူတွေကို အဆိတ်ခတ်သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးဖို့ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက တောင်းဆိုခဲ့ပြီး ဒီဖြစ်ရပ်ဟာ လုံးဝခွင့်မ လွှတ်နိုင်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက အီရန်အာဏာပိုင်တွေဟာ အဆိပ်သင့်မှုဖြစ်ပွားခဲ့တဲ့အတွက် နိုင်င့တဝှမ်းကရာနဲ့ချီတဲ့ ကျောင်းသူတွေ နာမကျန်းဖြစ်စေခဲ့တဲ့ အဆိပ်သင့်မှုလို့ အသိအမှတ်ပြု ချက်ထုတ်ပြန်စည် အခုလိုမှတ်ချက်ထွက်ပေါ်လာတာပါ။ “ကျောင်းသူလေးတွေကို…