Radio Than Lwin Times(8/3)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
မြိုင် – မတ်(၉) မကွေးတိုင်း၊ မြိုင်မြို့နယ် ထန်းပေါက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က MI-35 Jet Fighter နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြိုင်-ပ.က.ဖ တပ်ရင်း(၁) က ဗိုလ်လက်ျာက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ မတ်လ(၉) ရက်နေ့ မနက် (၁၁) နာရီဝန်းကျင်က Well-2 ရေနံမြေနားမှာရှိတဲ့ ထန်းပေါက် ကုန်းရွာကို စစ်ကောင်စီက…
ညောင်လေးပင် – မတ်(၉) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့ မနက် ၆ နာရီလောက်မှာ ကွင်းဒလက်ကြီးကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်က KNU ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ် ဝိုင်းကျိုနဲ့…
https://youtu.be/N2RsZz9P9i8
မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Han nyein Oo,Ba Nyuntစတဲ့စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “အလှူပွဲတွေပါ ဒုက္ခပေးလာတဲ့ … ပဒပ်များ”ဆိုတဲ့အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို တယ်လီဝရမ်အကောင့်ကနေ…
နိုင်ငံအာဏာကို စစ်တပ်ကအဓမ္မသိမ်းအပြီး ပြည်သူ့ကျွေးတဲ့ထမင်းကိုစားနေတဲ့စစ်ကောင်စီတပ်သားတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြည်သူကို “သေရဲတဲ့ကောင် ထွက်ခဲ့” လို့ စိန်ခေါ်လိုက်သံဟာ ခန္တာကိုယ် နွဲ့နွဲနှောင်းနှောင်း နူးနူးညံ့ညံ့နဲ့ အမြဲတစေနေလာခဲ့တဲ့ အတာ့ရဲ့နှလုံးသားကို မာကြောစေခဲ့ပါတယ်။ စစ်တပ် အာဏာမသိမ်းခင်ကာလက ရန်ကုန်မှာ မနက်မိုးလင်းပြီဆိုတာနဲ့ မိတ်ကပ်လေးပြင် အလှပြင်ကျော့ကျော့ ကော့ကော့လေးနဲ့ ရိုက်ကွင်းသွားလိုက် သတင်းလေးရိုက်လိုက်နဲ့ ခဏနေအပြင်မှာ ဘယ်ပွဲကဖိတ်လို့ သွားလိုက်။ Presenter သွားလုပ်လိုက်နဲ့ အတာတစ်ယောက်…
နေပြည်တော်၊ မတ်(၉) စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၁၇ ပါတီအထိ ရှိလာတယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းစာမှာ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ ပါတီတည်ထောင်ခွင့် လျှောက် ထားတဲ့ နိုင်ငံရေးပါတီ ၆ ပါတီနဲ့ ပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင်ခွင့် လျှောက်ထားတဲ့…
မော်လမြိုင်၊ မတ်(၉) AAPP ရဲ့ မတ်(၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၆၆)ရက်အတွင်း ပြည်သူ (၃၁၁၃)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၂၆၁ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၃၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…
ရန်ကုန် – မတ်(၉) နိုင်ငံကျော်အဆိုတစ်ဦးဖြစ်သူ တေးသံရှင် တွံတေးစိုးအောင်ဟာ ဒီနေ့ မတ်လ(၉) ရက်နေ့ မနက်(၂) နာရီ ဝန်းကျင်မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုက အသိပေးထားပါတယ်။ တေးသံရှင် တွံတေးစိုးအောင်ဟာ ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ကွယ်လွန်သွားတာဖြစ် တယ်လို့ သိရပါတယ်။ “ဒီမနက်။ ၂ နာရီ ၃ မိနစ်က ကျွန်တော့်ရဲ့ အဖေ နိုင်ငံကျော်တေးသံရှင်…
ကျောက်တလုံး၊ မတ် (၉) တပ်အင်အားနည်းပါးလာတဲ့ စစ်ကောင်စီတပ်ဟာ စစ်အာဏာရှင်စနစ် ရှင်သန်ရေးအတွက် ပအိုဝ်းပြည် သူ့စစ်တွေကို တိုက်ပွဲတွေမှာအသုံးချဖို့ ကြိုးပမ်းလာတယ်လို့ ပအိုဝ်းတော်လှန်ရေး အင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့ မနက်ပိုင်းက ပအိုဝ်းပြည်သူ့စစ် PNO/ PNA အဖွဲ့ ခေါင်းဆောင် ဦးအောင်ခမ်းထီးကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျောက်တလုံးမြို့နယ်မှာ…