Radio Than Lwin Times(12/3)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
https://youtu.be/322TbC5Y1zQ
“သူတို့ဘုန်းကြီးကျောင်းမှာ ဝင်သွားတဲ့အချိန်မှာ နေရာတော်တော်များများမှာ စကစသုံးကာကွယ်ရေး ပစ္စည်းတွေ၊ ကပစထုတ်တဲ့ ကျည်ဖူးခွံတွေ တွေ့ရတယ်။ဘုန်းကြီးကျောင်းရဲ့ နေရာအနှံ့အပြားမှာလည်း လက်နက်ကြီးတွေ တွေ့ရတယ်။ သူတို့သတ်ခဲ့တယ် ဆိုတာ သက်သေခိုင်လုံတယ်” ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာအုပ်စု နမ်းနိန်းရွာမှာ မတ် ၁၁ ရက်နေ့က သံဃာတော် ၃ ပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၉ ဦး အစုံအလိုက် အပြုံအလိုက်…
တနင်္သာရီ၊ မတ်(၁၄) တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာ ကြောင့် စစ်ဘေးရှောင်ပြည်သူ ၃၀,၀၀၀ ကျော်အထိ မြင့်တက်လာတယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ FE5 Tanintharyi ထုတ်ပြန်ချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလအတွင်း ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီး နောက် တနင်္သာရီတိုင်းဒေသကြီးတစ်ခုလုံးမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး နှစ်ဖက်တိုက်ပွဲ အကြိမ်…
မော်လမြိုင်၊ မတ်(၁၄) AAPP ရဲ့ မတ်(၁၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၇၁)ရက်အတွင်း ပြည်သူ (၃၁၂၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၃၃၅ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…
မော်လမြိုင် ၊ မတ် (၁၄)မွန်ပြည်နယ်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းတာနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် နေလှန်ဆားကွင်း အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ပြီး ဆောင်းရာသီစိုက်ပျိုးသီးနှံတွေ ဖြစ်တဲ့ ပဲနဲ့ပြောင်းခင်းတွေမှာလည်း ထိခိုက်ပျက်စီးမှု များပြားခဲ့တယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့ ညပိုင်းမှာ အချိန်အခါမဟုတ် မိုးရွာသွန်ခဲ့တာကြောင့် ဆားကွင်းတွေအတွင်း ရေဝင်ရောက်မှုတွေ ရှိခဲ့သလို ရိတ်သိမ်းထားတဲ့ ပဲတွေဟာလည်း…
မုဒုံ၊ မတ် (၁၄) လာမယ့် ပညာသင်နှစ်ကစပြီး စစ်ကောင်စီ ခွင့်ပြုချက်နဲ့ မွန်ကျေးရွာတွေအတွင်းရှိ အစိုးရစာသင် ကျောင်းတွေမှာ ကျောင်းချိန်တွင်း မွန်စာသင်ကြားခွင့်ရမယ့်အပေါ် မွန်လူထုအတွင်း သဘောထားကွဲလွဲမှုတွေရှိနေတာ ဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက် မွန်လူမျိုးတွေ အများစုနေထိုင်တဲ့ အစိုးရ စာသင်ကျောင်းတွေမှာ မူလတန်းအဆင့် မွန်စာတစ်ဘာသာ ထည့်သွင်းသင်ကြားခွင့်ပေးဖို့ သဘောတူ လက် မှတ်ရေးထိုးထားတာပါ။ သဘောတူလက်မှတ်ရေးထိုးပြီးနောက် လာမယ့်စာသင်နှစ်ကစပြီး…
ပေါင်၊ မတ်(၁၄) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာရှိ စစ်ကောင်စီ ရင်းငြိမ်နယ်မြေရဲစခန်း ဒရုန်းနဲ့ တိုက် ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရင်းငြိမ်နယ်မြေရဲစခန်းကို ပြီးခဲတဲ့ မတ် ၁၁ ရက်နေ့ နေ့လည် ၁ နာရီလောက်မှာ အထူးစစ်ဆင်းရေးတပ်ဖွဲ့ (SOF) က…
ရေဖြူ၊ မတ်(၁၄) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က PDF တွေနဲ့ ပတ် သက်ဆက်နွယ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြစ်မဲ့အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲတဲ့ မတ် ၁၁ ရက်နေ့က ကလိန်အောင်မြို့ပေါ်မှာ ဖုန်းလာဝယ်တဲ့ ရေဖြူမြို့နယ် ဇင်းဘားကျေးရွာနဲ့ ကျောက်ရှပ်ကျေးရွာနေ အသက် ၁၈…
ရန်ကုန် – မတ်(၁၃) သက်ငယ်မုဒိမ်းမှုအပါအဝင် အပြင်းအထန်နာကျင်စေမှုတွေနဲ့ တရားစွဲခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာ၊သူ့ရဲ့ အမျိုးသမီးဖြစ်သူ ဒေါ်ဖူးငုံပွင့်နဲ့ မင်းရာဇာရဲ့ မန်နေဂျာဖြစ်သူ ဦးအောင်လွင်စိုး (ခ) ရခိုင်လေးတို့ သုံးဦးကို ထောင်ဒဏ်(၅) နှစ်စီချမှတ်လိုက်တယ်လို့ တရားလို ရှေ့နေ က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ မတ်လ(၁၃) ရက်နေ့ မှာ သူတို့ကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ…