March 2023

နိုင်ငံရဲ့ 5G ကွန်ရက်တွေမှာ Huwei နဲ့ ZTE နည်းပညာ အသုံးမပြုဖို့ ဂျာမန်အစိုးရ ကန့်သတ်

ဘာလင်း – မတ်(၁၉) ဂျာမနီနိုင်ငံအစိုးရက တယ်လီကွန် အော်ပရေတာတွေကို နိုင်ငံရဲ့ 5G ကွန်ရက်တွေထဲမှာ တရုတ် ပိုင် ဟွာဝေးနဲ့ ZTE ရဲ့ အစိတ်အပိုင်းတွေအသုံးပြုပြီး ဝင်ရောက်တာကို တားမြစ်ခဲ့တယ်လို့ ဒေသ တွင်း မီဒီယာတစ်ခုမှာ ဖော်ပြထားပါတယ်။ အစိုးရသတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး Zeit Online သတင်းဌာက ကွန်ရက်တွေအသုံးပြုဖို့ အတွက် အဲဒီကုမ္ပဏီတွေရဲ့ အစိတ်အပိုင်းတွေ…

မွတ်စလင်ခရီးသည်တွေကို စွဲဆောင်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေ ကြိုးပမ်းနေ

ဘန်ကောက် – မတ်(၁၉) ထိုင်းအာဏာပိုင်တွေက နိုင်ငံအတွင်း (Muslim Friendly Tourism) ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့ ကြိုးပမ်းနေပြီး ဖူးခက်ခရိုင်မှာ ပြုလုပ်ခဲ့တဲ့ အစ္စလာမ့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲမှာ ခရီးသွားလုပ်ငန်း (DoT) နဲ့ ပုဂ္ဂလိက ကဏ္ဍတွေကနေ မွတ်စလင်ဧည့်သည်တွေကို ဆွဲဆောင်ဖို့ မဟာဗျူဟာချမှတ်နေတယ် လို့ ထိုင်းနိုင်ငံသတင်းဗျူရို(NNT) က သတင်းထုတ်ပြန်ပါ တယ်။ နိုင်ငံထဲဝင်ရောက်လာမယ့် ကမ္ဘာ့လှည့်ခရီးသွားတွေထဲမှာ…

စစ်ကောင်စီထံ မှတ်ပုံမတင်ဖို့ SNLD ပါတီ ဆုံးဖြတ်

တောင်ကြီး ၊ မတ် ၁၈ တိုင်းရင်းသားအင်အားကြီး နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဟာ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ ပါတီဆက်လက် မှတ်ပုံတင်ရေး၊ မတင်ရေး ကိစ္စရပ်နဲ့ပတ်သက်ပြီး မတ် ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တို့က ကျင်းပခဲ့တဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။ CEC အားလုံးရဲ့ သဘောထားအရ…

ကဒက်ကြီးကျေးရွာမှာ PDF တွေကို စစ်ကောင်စီရှာဖွေနေ

လောင်းလုံး – မတ်(၁၈) တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာကို စစ်ကောင်စီတပ်ဝင်ရောက်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ရှာဖွေနေကာ ပြည်သူပိုင်နေအိမ်တွေကိုလည်း မွှေနှောက် ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၁၇) ရက်နေ့က စစ်ကောင်စီရဲ့ အင်အား(၅၀) ကျော်ပါတဲ့ စစ်ကြောင်းက ပြည်သူ ပိုင် လူမရှိတဲ့နေအိမ်တွေကို မွှေနှောက်ရှာဖွေတာတွေ လုပ်ဆောင်ခဲ့တာပါ။ “မနေ့ကတည်းက ရတိမ်ကိုဖြတ်လာချိန် စစ်ဘေးရှောင်တွေကို…

ယင်းမာပင်အနောက်ခြမ်းက NUG စာသင်ကျောင်းတွေကို AVSC ကျန်းမာရေးဝန်ဆောင်မှုပေး

ယင်းမာပင် – မတ်(၁၈) စစ်ကိုင်းတိုင်း၊ ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီရဲ့ AVSC Medical Team ဟာ ယင်းမာပင်အနောက်ခြမ်းမှာရှိတဲ့ NUG အစိုးရ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း(၄) ကျောင်းကို ကျန်းမာရေးဝန်ဆောင်မှုပေးခဲ့တယ်လို့ သိရပါတယ်။ စာသင်ကျောင်း(၄) ကျောင်းမှာ ကျန်းမာရေးဆိုင်ရာအသိပညာပေး ဟောပြောမှုတွေ ပြုလုပ်ခဲ့ပြီး မူလတန်းအရွယ် ကလေးငယ်တွေကို သံချဆေးတိုက်ကျွေးခဲ့သလို အလယ်တန်းနဲ့…

စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်စာမေးပွဲ PDFတွေ ဝင်ဖြေတယ်လို့ စစ်လော်ဘီတွေ သတင်းမှားလွှင့်(အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေ ဖြန့်ဝေနေတဲ့ “တက္ကသိုလ်ဝင်တန်းစာမေးပွဲကို PDFများက အယောင်ဆောင်ဝင်ဖြေ ဗုံးဖောက်ရန်စီစဉ်”ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ဟန်ငြိမ်းဦး၊ အသန်းစတဲ့…

ကျိုက်ထိုမြို့နယ်မှာ စစ်တပ်လက်နက်ကြီးပစ်လို့ ရော်ဘာခြံလုပ်သားတစ်ဦး ဒဏ်ရာရ

ကျိုက်ထို၊ မတ်(၁၈) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ် မှုကြောင့် ရော်ဘာခြံလုပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကွဲမှု ကော်မတီကနေ သိရပါတယ်။ မတ် ၁၆ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သုသာန်အနီး တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…

စစ်အာဏာသိမ်း (၇၇၅) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၁၄၂ ဦးအထိရှိလာ

မော်လမြိုင်၊ မတ်(၁၈) AAPP ရဲ့ မတ်(၁၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၇၅)ရက်အတွင်း ပြည်သူ (၃၁၄၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၄၄၀ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…