ဆေးသားအသစ်နဲ့ မြို့အိုကြီး
ဌေးဝင်း ခုနှစ်တွေ သက္ကရာဇ်တွေက နုပျိုခြင်း ရင့်အိုခြင်းတွေကို တိုင်းတာပေးတယ်။ အချိန်တစ်ခုမှာ နုပျိုခြင်းနဲ့ မာန်တက် ပျော်ရွှင် ကြည်နူးနိုင်ခဲ့သလို ကာလတစ်ခုအရောက်မှာ မာန်မာနတွေလျှောကျပြီး သံဝေဂလေနဲ့ ခရီးဆက်နေရတာ ဟာ လောက စက်ရဟတ် ဇာတ်ဝင်ခန်းရဲ့ မပါမဖြစ် အပိုင်းတစ်ပိုင်းပါဘဲ။ ဒါဟာ သက်ရှိ သတ္တဝါတွေအတွက်သာ အ ကျုံးဝင်တာ မဟုတ်ပေဘူး။ သက်မဲ့အရာတွေဟာလည်း ထိုဖြစ်စဉ်ထဲမှာ ဝင်ပါနေကြသည်လေ။…