March 2023

ကျိုက်ထီးရိုးဒေသမှာ မြေမြှုပ်မိုင်းနင်းမိပြီး အထမ်းသမားတစ်ဦးသေဆုံး

ကျိုက်ထို၊ မတ်(၂၄) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ၊ ကျိုက်ထီးရိုးတောင်တန်းရှိ ရသေ့တောင်အနီးမှာ မြေ မြှုပ်မိုင်းနင်းမိပြီး အထမ်းသမားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသက် ၂၅ နှစ်အရွယ် အထမ်းသမား ကိုခင်မောင်ဟာ ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့မှာ မိသားစု စားဝတ်နေရေးအ တွက် ရသေ့တောင်အနီးမှာ ဟင်သီးဟင်းရွက်တွေ ခူးဖို့ ထွက်သွားခဲ့ပေမယ့်…

စစ်အာဏာသိမ်း (၇၈၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၁၅၈ ဦးအထိရှိလာ

မော်လမြိုင်၊ မတ်(၂၄) AAPP ရဲ့ မတ်(၂၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၈၁)ရက်အတွင်း ပြည်သူ (၃၁၅၈)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၈၂၂ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့ဆွေးနွေး

နေပြည်တော် ၊ မတ် (၂၄) ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ စစ်ကောင်စီ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ဖြစ်တဲ့ “ဝ” အဖွဲ့ UWSP၊ မိုင်းလားအဖွဲ့ NDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါ တီ SSPP တို့ နေပြည်တော်မှာ မတ် ၂၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ စစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေနဲ့ UWSP က…

တပ်တွင်းပြိုကွဲမှုမဖြစ်အောင် စစ်ခေါင်းဆောင်တွေကိုယ်တိုင် စည်းရုံးနေရ

လွိုင်ကော်၊ မတ်(၂၄) စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေမှာ တပ်တွင်းပြိုကွဲမှု မဖြစ်အောင် အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ကိုယ်တိုင်စည်းရုံးနေရပြီး ဒီအခြေအနေဟာ တပ်တွင်းဖရိုဖရဲဖြစ်မှုကို ပြသနေတာလို့ CDM ဗိုလ်ကြီးတွေက ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း စစ်ရေးပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်တို့ရှိ စစ်ဌာချုပ်တွေကို ဆက်တိုက်သွားလာခဲ့တာပါ။ ပြီးခဲ့တဲ့ မတ်…

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် မော်လမြိုင်မှာ အစစ်ဆေးကြမ်းနေ

မော်လမြိုင်၊ မတ်(၂၄) မွန်ပြည်နယ်၊ မော်လမြိုင်အခြေစိုက် စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ဒရုန်းနဲ့တိုက် ခိုက်ခံရပြီး နောက်စစ်ကောင်စီက မော်လမြိုင်မြို့အတွင်း လုံခြုံရေးတိုးမြှင့်ပြီး ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့မှာ တော်လှန်ရေးအင်အား စုတွေက ဒရုန်းနဲ့ ဗုံး ၃ လုံးချပြီး…

ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ထားဝယ်၊ မတ်(၂၄) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ စစ်ကောင်စီ ဘုရားမဲစစ်ဆေးရေး ဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ ဥသြစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ တပ်အင်အား ၃၀ နီးပါး တပ်စွဲနေထိုင်တဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့ နေ့လည် ၁ နာရီလောက်မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊လက်နက် ငယ်တွေနဲ့…

တရုတ်လွှမ်းမိုးမှုမရှိကြောင်း ငြင်းဆိုခဲ့တဲ့ ကနေဒါလွှတ်တော်အမတ် ပါတီက နုတ်ထွက်

အော့တ်ဝါ၊ မတ်(၂၄) တရုတ်-ကနေဒါ လွှတ်တော်အမတ်တစ်ဦးဟာ ဘေဂျင်းအစိုးရနဲ့ အဆက်အသွယ်ရှိကြောင်း အတည်မပြုနိုင်တဲ့ စွပ်စွဲချက်တွေ သတင်းမီဒီယာမှာဖော်ပြခံခဲ့ရပြီးတဲ့နောက်မှာ ပြင်းပြင်းထန်ထန်ငြင်းဆိုခဲ့ပြီး ဝန်ကြီးချုပ် ဂျက်စ တင် ထရီဒိုးဦးဆောင်တဲ့ လစ်ဘရယ်ပါတီအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။ ဘေဂျင်းရဲ့ ထောက်ခံမှုကြောင့် ၂၀၁၉ ရွေးကောက်ပွဲမတိုင်မီ လစ်ဘရယ် ရွေးကောက်ပွဲဝင်ကိုယ်စားလှယ် လောင်း ဖြစ်ခဲ့တဲ့ တိုရွန်တိုဒေသပါလီမန်အမတ် ဟန်ဒေါင်းကို ထုတ်ပယ်ဖို့ နိုင်ငံရဲ့ထောက်လှမ်းရေးအေဂျင်စီက ပါတီကို…

လူသေဆုံးမှုနဲ့ထိခိုက်မှုတွေကျူးလွန်ခဲ့တဲ့ သေနတ်သမားကို ထိုင်းရဲတပ်ဖွဲ့ အသေပစ်ခတ် ဖမ်းဆီး

ဘန်ကောက် – မတ်(၂၄) ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ အနောက်တောင်ဘက် (၁၀၀) ကီလိုမီတာအကွာ ပစ်ချ်ဘူရီမှာ လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိအောင် ပစ်ခတ်တာတွေလုပ်ဆောင်နေတဲ့ သေနတ် သမားကို ထိုင်းရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မတ်လ(၂၂) ရက်နေ့က သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် လူ(၃) ဦးသေဆုံး ပြီး (၃) ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က (၁၅)…

ယူဂန်ဒါရဲ့ လိင်တူချစ်သူ ဥပဒေမူကြမ်း ရပ်ဆိုင်းဖို့ ယူအန်နဲ့ အမေရိကန်တို့ တိုက်တွန်း

ကန်ပါလာ – မတ်(၂၄) လိင်တူချစ်သူအဖြစ်ခံယူတဲ့သူတွေကို သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်တွေ ချမှတ်နိုင် တဲ့ ဥပဒေမူကြမ်းကို ရပ်ဆိုင်းဖို့ ကုလသမဂ္ဂနဲ့ အမေရိကန်တို့က ယူဂန်ဒါနိုင်ငံကို တိုက်တွန်းခဲ့ ပါတယ်။ ​ယူဂန်ဒါ ဥပဒေပြုလွှတ်တော်ဟာ လိင်တူဆက်ဆံတဲ့သူတွေကို ထောင်ဒဏ် (၁၀) နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေကြမ်းကို အတည်ပြုထားတာပါ။ ဥပဒေပြုအမတ်တွေ အတည်ပြုထားတဲ့ ဥပဒေကြမ်းမှာ ပိုမိုဆိုးရွားစေတဲ့ လိင်တူဆက်ဆံခြင်း…