March 30, 2023

တောင်ကိုရီးယားရဲ့ဗီဒီယိုတွေကြည့်ရှုမှုနဲ့ မူးယစ်ဆေးသုံးစွဲသူတွေကို မြောက်ကိုရီးယားက ကွပ်မျက်

ပြုံယမ်း၊ မတ်(၃၁) တောင်ကိုရီးယားယဉ်ကျေးမှုတွေ ဖုံးလွှမ်းထားတဲ့ စီးရီးတွေကို ကြည့်ရှု၊ မျှဝေခဲ့သူတွေအပါအဝင် မူးယစ် ဆေးဝါးသုံးစွဲသူတွေကို မြောက်ကိုရီးယားက ကွပ်မျက်ခဲ့တယ်လို့ တောင်ကိုရီးယားက အစီရင်ခံစာတစ် စောင်ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ထိန်းချုပ်ချိုးဖောက်နေတယ် လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။ ကိုရီးယားနှစ်နိုင်ငံအရေးကို ကိုင်တွယ်နေတဲ့ တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနဟာ သူတို့ ရဲ့ မွေးရပ်ကနေထွက်ပြေးလာတဲ့မြောက်ကိုရီးယား နိုင်ငံသား…

ထိုင်ဝမ်သမ္မတရဲ့ အမေရိကန် ခရီးစဉ်ကို တရုတ်အစိုးရက တုံ့ပြန်သွားမယ်လို့ဆို

တိုင်ပေ – မတ်(၃၁) ထိုင်ဝမ်သမ္မတအနေနဲ့ အမေရိကန်ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ မက်ကာသီနဲ့ တွေ့ဆုံရင် တရုတ်အစိုးရက တုံ့ပြန်သွားမယ်လို့ ခြိမ်းခြောက်ထားပြီး ကျွန်းနိုင်ငံရဲ့ ပြည်ပဆက်ဆံရေး အပေါ် သက်ရောက်တဲ့ ဖိအားတွေကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထိခိုက်လွယ်အခြေ အနေရှိတဲ့ ခရီးတစ်ထောက်နားမှုကို နယူးယောက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ တရုတ်အစိုးရက ဒီမိုကရေစီနည်းကျရွေးကောက်ထားတဲ့ ထိုင်ဝမ်နိုင်ငံကို သူတို့ပိုင်နက်အဖြစ် ပြောဆိုထားသလို ၂၀၁၉ ခုနှစ်ကစပြီး ပထမဆုံးအကြိမ်အဖြစ်…

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီကိုဖျက်သိမ်းခံရတာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ မဟာမိတ်တွေ စိုးရိမ်

ဝါရှင်တန် – မတ်(၃၁) အမေရိကန်၊ဗြိတိန်၊ဂျပန်နဲ့ ဩစတြေးလျ နိုင်ငံတို့က မြန်မာရဲ့ အာဏာရပါတီဟောင်း ဖျက်သိမ်း ခံရတာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့သလို ဒီမိုကရေစီစနစ် ပြန်လည်ရောက်ရှိဖို့ ပိုမိုပါဝင်မှုများတဲ့ လုပ်ငန်းစဉ်တစ်ရပ်ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ တခြားသော ပါတီ(၃၉) ခုကိုလည်း စစ်တပ်က ချုပ်ကိုင်ထားတဲ့ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်…

နိုင်ငံရေးပါတီ ၄၀ ဖျက်သိမ်းမှု စစ်ကောင်စီကို နိုင်ငံတကာအစိုးရတွေ ဝေဖန်ပြစ်တင်

မော်လမြိုင် – မတ်(၃၀) လူထုထောက်ခံမှု အများဆုံးရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်း ကြောင်း ကြေညာတဲ့အပေါ် နိုင်ငံတကာအစိုးရတွေက ဝေဖန်ရှုတ်ချလိုက်ပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်တဲ့ အမေရိကန်အပါအဝင် ဂျာမနီ၊ဗြိတိန်၊ကနေဒါ၊သြစတြေးလျနဲ့ ဂျပန်နိုင်ငံက သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနတွေနဲ့ ပြောခွင့်ရပုဂ္ဂိုလ်တွေက မတ် ၂၉ ရက်နေ့က ကြေညာချက်တွေ အသီးသီးထုတ်ပြန်ခဲ့တာပါ။…

ထန်တလန် ကို စစ်ကောင်စီလေယာဉ်နဲ့ဗုံးကြဲ၊ ကလေးနှစ်ဦးအပါအဝင် အရပ်သား(၈) ဦးသေဆုံး

ထန်တလန် – မတ်(၃၀) ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ခွာဖိုကျေးရွာကို စစ်ကောင်စီတပ် ကလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တဲ့အတွက် ကလေးငယ်(၂) ဦးပါအဝင် အရပ်သား(၈) ဦးလောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိ သူတွေလည်းရှိခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့မနက်(၁၀)နာရီဝန်းကျင်မှာ စစ်ကောင်စီ ဂျက်ဖိုက်တာ(၂) စီးက လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အရပ်သားနေအိမ်ပေါ်တည့်တည့်ကျပြီးနောက် ပွဲချင်းပြီး (၈) ဦးသေဆုံးခဲ့ပြီး…

ရေစကြိုမှာ ဆံပင်ညှပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့တိုက်ခိုက်ခံရ ဒုရဲအုပ်အဆင့်တစ်ဦး သေဆုံး

ရေစကြို – မတ်(၃၀) မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဆံပင်ညှပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံရဲတွေကို ကာကွယ်ရေး တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဒုရဲအုပ်အဆင့်ရှိသူတစ်ဦးသေဆုံးသွားတယ်လို့ Myingyan Black Tiger အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၉) ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုရဲအုပ်အဆင့် တစ်ဦးနဲ့ အခြား အဆင့် တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။ ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၁၂) တပ်ခွဲ(၄) မီးတောက်တပ်ခွဲနဲ့…

KNU နယ်မြေမှာ လက်နက်ကြီးကြောင့် ဒေသခံ ၁၀၀၀ ကျော် ထပ်မံထွက်ပြေးနေရ

ကော့ကရိတ်၊ မတ်(၃၀) ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်းရှိ မဲကနယ်ကျေး ရွာဘက်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ(၁၀၀၀) ကျော် စစ်ဘေးရှောင် နေရပြီး စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနဲ့ ဆေးဝါးအခက်အခဲပြဿနာတွေ ရင် ဆိုင်ကြုံတွေ့နေရတယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၅)ရက်နေ့ကစပြီး မြဝတီ-သင်္ဃန်းညီနောင်-ကော့ကရိတ်-ကျုံဒိုး ကားလမ်းမမှာရှိတဲ့ စစ် ကောင်စီရဲ့ တပ်စခန်း၊ ရဲစခန်းနဲ့…

တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေ

တနင်္သာရီ၊ မတ်(၃၀) စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီ-မောတောင်လမ်း ချောင်းနှစ်ပေါက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ တနင်္သာမြို့နယ် ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၂၈ ရက်နေ့ ညနေပိုင်းမှာ ချောင်းနှစ်ပေါက် ကျေးရွာအတွင်း ဝင်ရောက်လာတဲ့အတွက် မိုင်းဆွဲတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်း…