ပြုံယမ်း – မတ်(၂၈) 

အမေရိကန် လေယာဉ်တင်သင်္ဘောအဖွဲ့ တောင်ကိုရီးယားကို ရောက်ရှိချိန်မှာ မြောက်ကိုရီးယား ခေါင်းဆောင်က နျူကလီးယားလက်နက်ကို အချိန်မရွေးအသုံးပြုဖို့ အသင့်ရှိနေတယ်ဆိုတဲ့ ကြေညာချက်နဲ့အတူ မဟာမိတ်တွေကို ခြိမ်းခြောက်ခဲ့ပါတယ်။ 

ကင်ဂျုံအွန်ဟာ နျူကလီးယားထုတ်လုပ်တဲ့ စက်ရုံကိုသွားရောက်လည်ပတ်စဉ် ဒီမှတ်ချက်ကို ပြောခဲ့တာဖြစ်တယ်လို့ ကိုရီးယားဗဟိုသတင်းအေဂျင်စီက ဖော်ပြထားပါတယ်။ 

မြောက်ကိုရီးယားရဲ့ ထာဝရလုံခြုံရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး တည်ငြိမ်ရေးတို့ကို ကာကွယ်ဖို့ ရည်ရွယ်တဲ့အနေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တိုက်ကို အဆမတန်တိုးမြှင့်ဖို့ မစ္စတာကင် ကဆိုခဲ့တာပါ။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း နျူကလီးယားတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ လက်နက်အသစ် တွေထုတ်ဖော်လာခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြားပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် တုံ့ပြန်ဖို့ ကတိကဝတ်ပြုထားတဲ့ မြောက်ကိုရီးယားခေါင်းဆောင်က အဲဒီစက်ရုံကို လာရောက် လည်ပတ်ခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ မြောက်ကိုရီးယားမှာ နျူထိပ်ဖူးတပ်ဒုံးကျည် (၈၀) ကနေ (၉၀) ခန့်ရှိတယ်လို့ ဆိုးလ် အခြေစိုက် Korea Institute for Defense Analyzes က ဇန်နဝါရီလအတွင်းထုတ်ပြန် ထားတဲ့စာတမ်းမှာ ဖော်ပြထားပြီး မစ္စတာကင်ဟာ ရေရည်မှာ နျူထိပ်ဖူးအလုံးရေ (၁၀၀) မှ (၃၀၀) ကြားရှိဖို့ ကြိုးပမ်းနေတယ်လို့ ဆိုထားပါတယ်။ 

USS Nimitz လေယာဉ်တင် သင်္ဘောအုပ်စုဟာ မဟာမိတ်တွေရဲ့ ပေါင်းစပ်စစ်ရေး အနေအထား မှာအားကောင်းစေဖို့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဘူဆန်မြို့ကိုရောက်ရှိမှာဖြစ်တယ်လို့ တောင်ပိုင်းကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ခြောက်လလောက်ကလည်း အမေရိကန်ရေတပ်သင်္ဘောအုပ်စု တောင်ကိုရီးယားကို နောက်ဆုံးရောက်ရှိခဲ့တဲ့ အချိန်မှာ မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်ခဲ့ပြီး ငါးနှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံကို ဖြတ်ကျော်ကာ ပထမဆုံးဒုံးကျည်ပစ်လွှတ်မှု ကိုလုပ်ဆောင်ခဲ့ပြီးနောက် တင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။ 

အဲဒီလို နိုင်ငံဖြတ်ကျော်ပစ်လွှတ်မှုဟာ USS Ronald Reagan သင်္ဘောအုပ်စုရဲ့ ခရီးစဉ်မှာ တောင်ကိုရီးယားနဲ့ ဂျပန်တို့ပါဝင်တဲ့ ဒုံးကျည်ဆန့်ကျင်ရေးလေ့ကျင့်မှုတွေပါဝင်လာခဲ့တာဟာ မြောက်ကိုရီးယားအစိုးရရဲ့ ဒေါသကို မြင့်တက်စေခဲ့တာပါ။ 

USS Nimitz ရဲ့ခရီးစဉ်အတွက် ပူးတွဲစစ်ရေးလေ့ကျင့်မှု သုံးခုကို ထုတ်ပြန်ထားတာမရှိသေး ပေမယ့် အဲဒီသင်္ဘောအုပ်စုနဲ့ အတူ Warrior Shield လို့ သိကြတဲ့ လေ့ကျင့်မှုတစ်စိတ်တစ်ပိုင်း အဖြစ် တောင်ကိုရီးယားရေတပ်နဲ့ မတ်လ(၂၇) ရက်နေ့ကစစ်ရေးလေ့ကျင့်မှု ပြုလုပ်ထားပါ တယ်။ 

မြောက်ကိုရီးယားက အဲဒီနေ့မှာပဲ တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့သလို အမေရိကန်ပြည်ထောင်စုကို ပစ်လွှတ်နိုင်တဲ့ နျူကလီးယားထိပ်ဖူးတွေအဖြစ် ဒီဇိုင်းထုတ်ထား တဲ့ တိုက်ချင်းပစ်ဒုံးကျည်နှစ်စင်းပစ်လွှတ်တာအပါအဝင် စမ်းသပ်ပစ်လွှတ်မှုတွေ ထပ်မံတိုးမြှင့် ထားတယ်လို့ သိရပါတယ်။ 

မစ္စတာကင်အစိုးရ အသစ်ထုတ်လုပ်ထားတဲ့ ရေအောက်ဒရုန်းဟာ ရေဒီယိုသတ္တိကြွ ဆူနာမီ ကို ဖြစ်ပေါ်စေနိုင်တဲ့ နျူကလီးယား တိုက်ခိုက်မှုကို ထုတ်ပေးနိုင်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။ 

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ သူတို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်ဖို့ ဇန်နဝါရီလက ကြေညာထားခဲ့ပြီး ဂျပန်နိုင်ငံဟာ မြောက်ကိုရီးယားကို ရန်သူလို့ ယူဆထားတဲ့အတွက် စစ်ရေး လေ့ကျင့်မှုတွေမှာ ပါဝင်ထားပါတယ်။ 

သမ္မတဟောင်း ထရန့်လက်ထက် မှာတော့ စစ်ရေးလေ့ကျင့်မှုတွေကို လျှော့ချထားပြီး မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြိုးစားလုပ်ဆောင်ထားပါတယ်။

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.