ကော့ကရိတ်၊ မတ်(၂၈)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ် သားပြည်သူ(၅)ဦး ထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိနေတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၂၅)ရက်နေ့ကစပြီး (၂၆)ရက်နေ့အထိ မြဝတီမြို့သာမက ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တွေထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် လေကြောင်းပစ်ခတ်တိုက် ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ ဒေသခံတွေနဲ့ ပူးပေါင်းအဖွဲ့တွေက ဆိုကြပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျုံဒိုးမြို့အနီးရှိ အေးချမ်းသာယာရွာနဲ့ ကျုံဒိုးမြို့ထဲက ကလေးတစ်ဦးအပါအဝင် အရပ်သား(၃)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကာ နေအိမ်အဆောက်အဦးတွေလည်း အများအပြား မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့ထဲမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ သေနတ်ကျည်ထိမှန်မှုကြောင့် ကလေးတစ်ဦးအပါအဝင် (၂)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့သလို ကမိုင်ကုန်းကျေးရွာမှာ ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေအပါအဝင် နေအိမ်တွေလည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေ က ပြောဆိုပါတယ်။

ကော့ကရိတ်နဲ့ ကျုံဒိုးမြို့အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူအများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး မတ်လ(၂၇)ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ပူး ပေါင်းတပ်ဖွဲ့တွေအကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.