တမူး – မတ်(၂၇)
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း တမူး – အောင်ဇေယျလမ်းပိုင်းမှာရှိတဲ့ ကွန်းတောင် ရွာသစ်ကို စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၂၃) ရက်နဲ့ (၂၄) ရက်နေ့တွေမှာတော့ လေကြောင်းတိုက်ခိုက်မှု တွေလာရောက် လုပ်ဆောင်ခဲ့ပြီးနောက် (၂၅) ရက်နေ့နဲ့ (၂၆) ရက်နေ့တွေမှာ ကွန်းတောင်ရွာသစ်ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တဲ့ ကွန်းတောင်ရွာသစ်ဟာ အိမ်ခြေ(၂၉) လုံးရှိပြီး (၂၄) လုံး မီးရှို့ခံခဲ့ရကာ အဲဒီရွာဟာ တမူးမြို့နဲ့ (၆) မိုင်ဝေးပြီး စစ်ကောင်စီနဲ့ PDF တို့ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ နေရာ နဲ့ တစ်မိုင်သာဝေးတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ