ရန်ကုန် – မတ်(၂၇)
ခေတ်ကိုပြောင်းချင် ခေါင်းကိုပစ် ဆိုတဲ့ ယတြာနဲ့ လက်နက်မဲ့ ပြည်သူတွေကို ရက်စက်စွာ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ ခေါင်းပြတ်ပုံသဏ္ဍာန် အစီရင်ပစ္စည်းကို တက်ကျွမ်း နားလည်တဲ့ ပညာသည်တွေရဲ့ အကူအညီနဲ့ YRF ကပြုလုပ်ခဲ့ပါတယ်။
ဒီအစီအရင်ဟာ စစ်ကောင်စီတပ်သားတွေ နေပြည်တော်မှာလုပ်နေတဲ့ သူတို့ရဲ့ တပ်မတော်နေ့ အခမ်းအနားနဲ့ စစ်တပ်ကျဆုံး နေဝင်ချိန်ကို ရည်ရွယ်ကာ ပြုလုပ်ခဲ့ကြတာပါ။
စစ်ခေါင်းဆောင်ရဲ့ ခေါင်းပြတ်ကို စစ်တပ်ကြောင့် ကျဆုံးသွားတဲ့ ပြည်သူ ကိုးဦးကို မြှုပ်နှံထားတဲ့ နေရာတွေက မြေမှုန်တွေနဲ့ ကိုးရက် ကိုးည တိုင်တိုင် အဓိဌာန်ပြု စီရင်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်ခေါင်းပြတ်ကို သူ့ရဲ့ မွေးနံထောင့်မှာ နဝင်းကိုက်ထားရှိပြီး ကျိန်စာတွေထဲမှာ အကြမ်းဆုံးဖြစ်တဲ့ “မင်းနန်းသူကျိန်စာ” အစီအရင်နဲ့ သက်စေ့ရွတ်ဖတ်ကျိန်ဆိုခဲ့ကြတာ ဖြစ်တယ် လို့သိရပါတယ်။
အဲဒီနောက် နေဝင်ချိန်တစ်ခုမှာ စစ်ခေါင်းဆောင်ရဲ့ ခေါင်းပြတ်ကို သူ့ရဲ့ ဓာတ်တူနံသက်တူတဲ့နေရာ က အမှိုက်ပုံတခုမှာ သွားရောက်ချထားကာ အညာဒေသခံပြည်သူတစ်ဦးလို ဝတ်ဆင်ထားတဲ့ YRF ရဲဘော်တစ်ဦးက ခုံဖိနပ်နဲ့ နင်ချေပြီး အစီရင်ကို အဆုံးသတ်ခဲ့တယ်လို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – YRF