ရှန်ဟိုင်း၊ မတ်(၂၆)

Apple ကုမ္ပဏီရဲ့စီအီးအို တင်ကွတ်ဟာ သူ့ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာ နိုင်ငံရဲ့ လျင်မြန်တဲ့ ဆန်းသစ် တီထွင်မှု၊ အမေရိကန် iPhone ထုတ်လုပ်သူနဲ့ ကာလကြာရှည်ဆက်ဆံရေးကို ပထမဆုံးပြောတဲ့ မိန့်ခွန်းမှာ ချီးကျူးပြောဆိုခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

တရုတ်နိုင်ငံရဲ့ ကိုဗစ်၁၉ထိန်းချုပ်မှုတွေကို အဆုံးသတ်ပြီးနောက် အစိုးရကစီစဉ်ကျင်းပနေတဲ့ ဖွံ့ဖြိုးတိုးတက် ရေးဖိုရမ်ကို တက်ရောက်ဖို့ စီအီးအိုတင်ကွတ်ဟာ ဘေဂျင်းကို ရောက်ရှိနေတာပါ။  

တင်ကွတ်အပြင် Pfizer နဲ့ BHP လို လုပ်ငန်းကြီးတွေရဲ့ CEOတွေ၊  အကြီးတန်း အစိုးရအရာရှိတွေလည်း အဲဒီအခမ်းအနားကို တက်ရောက်ကြတာဖြစ်ပါတယ်။

“တီထွင်ဆန်းသစ်မှုဟာ တရုတ်နိုင်ငံမှာ အရှိန်အဟုန်နဲ့ တိုးတက်နေပြီး အဲဒါက ပိုပြီးတော့ အရှိန်အဟုန် မြှင့်လာမယ်လို့ ယုံကြည်ပါတယ်” လို့ တင်ကွပ်ရဲ့ပြောကြားချက်ကို ကိုးကားပြီး The Paper သတင်းဌာနက ဖော်ပြခဲ့တာပါ။

ဘေဂျင်းနဲ့ဝါရှင်တန်ကြား တင်းမာမှုတွေ မြင့်တက်လာချိန်မှာ ဒီခရီးစဉ်ဟာ Apple ကနေ တရုတ်နိုင်ငံအပေါ် သူ့ရဲ့ ထောက်ပံ့ရေးကွင်းဆက် မှီခိုအားထားမှုကို လျှော့ချဖို့နဲ့ အိန္ဒိယလို အသစ်ထွက်ရှိလာမယ့် စင်တာတွေကို ထုတ်လုပ်မှုကို ပြောင်းရွှေ့ဖို့ ကြိုးစားနေတာကြောင့် ထွက်ပေါ်လာခြင်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က Apple ရဲ့ ထုတ်လုပ်သူ Foxconn ဦးစီးတဲ့ ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံမှာ ထုတ်လုပ်မှုဟာ တရုတ်ရဲ့ ကိုဗစ်သုညမူဝါဒတွေကြောင့် အလုပ်သမားတွေ မငြိမ်မသက်ဖြစ်မှု ဖြစ်ပွားခဲ့ပြီး ကြီးမားတဲ့ အနှောင့် အယှက် ဖြစ်ခဲ့တာပါ။  

တင်ကွတ်ဟာ သူ့ရဲ့ မိန့်ခွန်းအတွင်း ပညာရေးနဲ့ ပရိုဂရမ်ရေးသားခြင်းဆိုင်ရာ ဝေဖန်ပိုင်းခြားတွေး ခေါ်မှုစွမ်းရည်တွေကို လူငယ်တွေအတွက် သင်ယူဖို့ လိုအပ်ကြောင်းကိုလည်း ဆွေးနွေးခဲ့ပြီး Apple ရဲ့ ကျေးလက်ပညာရေးအစီအစဉ်အတွက် အသုံးစရိတ် ယွမ် သန်း 100 (အမေရိကန်ဒေါ်လာ 14.6 သန်း) အထိ တိုးမြှင့်သွားဖို့ စီစဉ်နေကြောင်း ပြောကြားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြနေတာ ဖြစ်ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.