ကန်ပါလာ – မတ်(၂၄) 

လိင်တူချစ်သူအဖြစ်ခံယူတဲ့သူတွေကို သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်တွေ ချမှတ်နိုင် တဲ့ ဥပဒေမူကြမ်းကို ရပ်ဆိုင်းဖို့ ကုလသမဂ္ဂနဲ့ အမေရိကန်တို့က ယူဂန်ဒါနိုင်ငံကို တိုက်တွန်းခဲ့ ပါတယ်။ 

​ယူဂန်ဒါ ဥပဒေပြုလွှတ်တော်ဟာ လိင်တူဆက်ဆံတဲ့သူတွေကို ထောင်ဒဏ် (၁၀) နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေကြမ်းကို အတည်ပြုထားတာပါ။ 

ဥပဒေပြုအမတ်တွေ အတည်ပြုထားတဲ့ ဥပဒေကြမ်းမှာ ပိုမိုဆိုးရွားစေတဲ့ လိင်တူဆက်ဆံခြင်း ဆိုတဲ့ ပြစ်မှုကို သေဒဏ်အဖြစ် သတ်မှတ်ခဲ့ပြီး ပြင်းထန်တဲ့ လိင်တူဆက်ဆံမှုဟာ HIV ပိုးကူး စက်ခံထားရသူတွေအပြင် အရွယ်မရောက်သေးသူတွေနဲ့ ထိခိုက်လွယ်သူတွေပါဝင်တဲ့ လိင် ဆက်ဆံမှုတွေ အတွက် အကျုံးဝင်တယ်လို့ ဆိုထားပါတယ်။ 

လက်ရှိပြဌာန်းလိုက်တဲ့ ဥပဒေကြမ်းအရ ပြင်းထန်တဲ့ လိုင်တူဆက်ဆံဖို့ ကြိုးပမ်းမှုနဲ့ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် (၁၄) နှစ်အထိ ချမှတ်နိုင်ပြီး လိင်တူဆက်ဆံဖို့ ကြိုးပမ်းမှုဟာ (၁၀) နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။ 

“ကမ္ဘာ့အဆိုးရွားဆုံး ခွဲခြားဆက်ဆံတဲ့ ဥပဒေမူကြမ်းကို အတည်ပြုလိုက်တာဟာ ဖွံ့ဖြိုးရေး အတွက် အနှောင့်အယှက် ကြီးကြီးမားမားဖြစ်စေတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း ဒီဥပဒေဟာ အခြေခံ လူ့အခွင့် အရေး တွေကို ထိခိုက်စေပြီး HIV/AIDS တိုက်ဖျက်ရေး အားထုတ်မှုတွေ နောက်ပြန်ဆုတ်သွား မှာ ဖြစ်တယ်လို့ ပြောဆိုထားပြီး ဥပဒေကို ပြန်လည်သုံးသပ်အကောင်အထည်ဖော်ဖို့ အာဏာပိုင် တွေ ကိုတိုက်တွန်းထားပါတယ်။ 

လိင်တူဆက်ဆံတာဟာ တစ်သကတစ်ကျွန်း ပြစ်ဒဏ်ချမှတ်နိုင်ပြီး ကိုလိုနီခေတ် ရာဇသတ်ကြီး ဥပဒေမှာ သဘာဝဓလေ့ထုံးတမ်းစဉ်လာကို ဆန့်ကျင်တဲ့ လိင်မှုကိစ္စတွေကို ရာဇဝတ်မှု ကျူးလွန် ခြင်းအဖြစ် သတ်မှတ်ထားတဲ့ ပြစ်ဒဏ်နဲ့ အလားသဏ္ဍန် တူတယ်လို့ ဆိုထားကြပါတယ်။ 

ဒီဥပဒေကြမ်းကို အရှေ့အာဖရိက နိုင်ငံရှိ LGBTQ+ လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်တဲ့ ရာထူးတိုးရေး၊ လူသစ်စုဆောင်းရေးနဲ့ ရန်ပုံငွေကိစ္စရပ်တွေကို အပြစ်ပေးဖို့ ရည်ရွယ်ချက်နဲ့ အတိုက်ခံလွှတ် တော် အမတ်တစ်ဦးက ပြီးခဲ့တဲ့လက တင်သွင်းထားတာဖြစ်ပါတယ်။ 

ဥပဒေအတည်ပြုဖို့ ဒါမှမဟုတ် ဗီတိုအာဏာနဲ့ ပယ်ဖျက်ဖို့ လက်မှတ်ထိုးခွင့်ရှိတဲ့ သမ္မတက ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့ပါက ယူဂန်ဒါမှာရှိတဲ့ လိင်တူချစ်သူတွေဟာ သူတို့ရဲ့ ဖြစ်တည် မှုအတွက် ရာဇဝတ်ကောင်တွေအဖြစ် ဥပဒေက သတ်မှတ်သွားမှာဖြစ်တယ်လို့ မဟာမင်းကြီးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

ကျောင်းဆရာတစ်ဦးက ကျောင်းသာတစ်ဦးကို မတော်မတရားပြုတယ်လို့ စွပ်စွဲထားတဲ့ တိုင်ကြားမှုအပါအဝင် ဘော်ဒါဆောင်တွေမှာ လိင်တူဆက်ဆံတဲ့ တိုင်ကြားမှုတွေကြားမှာ ယူဂန်ဒါနိုင်ငံမှာ လိင်တူချစ်သူတွေအပေါ် ဆန့်ကျင်တဲ့ အပြုအမှုတွေ ပိုမိုကြီးထွားလာတာ ဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့နှစ်က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို အေဂျင်စီက ကြီးကြပ်ကွပ်ကဲခဲ့ပြီး နိုင်ငံ တွင်း အထင်ရှားဆုံး  LGBTQ+ အဖွဲ့အစည်းအဖြစ် Sexual Minorities Uganda ရဲ့ လုပ်ငန်း တွေကို ရပ်တန့်ခဲ့ကာ တရားဝင်မှတ်ပုံတင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခဲ့ကာ အဖွဲ့ခေါင်းဆောင် က သူ့ရဲ့ အဖွဲ့အစည်းကို ကုမ္ပဏီမှတ်ပုံတင်အရာရှိက လူပေလူတေတွေဆိုပြီး ပယ်ချခဲ့တယ်လို့ တုန့်ပြန်ထားပါတယ်။ 

အာဖရိကတိုက်မှာ နိုင်ငံပေါင်း (၅၄) နိုင်ငံထဲက နိုင်ငံပေါင်း (၃၀) ကျော်မှာ လိင်တူဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ 

Ref: Independent.ie

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.