ရန်ကုန် – မတ်(၂၂)

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်(၁) မြတ်လေးလမ်းမှာ Probox အဌားယာဉ်တစ်စီး လုယက်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ မတ်လ(၂၂) ရက်နေ့ ည(၇) နာရီကျော်က လုယက်ခံလိုက်ရတာဖြစ်ပြီး ယာဉ်မောင်း ကို ရိုက်နှက်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် အနေနဲ့ စစ်ကောင်စီလက်အောက်ခံ မင်္ဂလာဒုံမြို့မ ရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

ကားလုခံလိုက်ရပြီး ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ယာဉ်မောင်းကို ပုလဲအရန်မီးသတ်တပ်ဖွဲ့က ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Htin Lin Aung(Facebook)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.