ကီးယက် – မတ်(၂၃) 

ယူကရိန်းနဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့က ယူကရိန်းရဲ့ ခိုင်မာတဲ့ စီးပွားရေးမူဝါဒတွေကို ကျင့်သုံးနေတဲ့ အစိုးရ ဘဏ္ဍာငွေတွေကို အသုံးချဖို့ ရည်ရွယ်ပြီး ဒေါ်လာ (၁၅.၆) ဘီလျံချေးငွေ အစီအစဉ်ကို သဘောတူခဲ့ကြပါတယ်။ 

ဒီအစီအစဉ်ဟာ ယူကရိန်းရဲ့ နိုင်ငံတကာမိတ်ဖက်တွေဆီက ဘဏ္ဍာငွေကောက်ခံဖို့ ကူညီပေးမှာ ဖြစ်ပြီး မက်ခရိုငွေကြေးဆိုင်ရာ တည်ငြိမ်မှုကိုထိန်းသိမ်းဖို့နဲ့ စစ်ပွဲမှာ ယူကရိန်းအောင်ပွဲခံပြီး နောက် စစ်ပြီးခေတ်ပြန်လည်တည်ဆောက်ရေး လမ်းကြောင်းကို သေချာစေဖို့ ကူညီပေးမှာ ဖြစ် တယ်လို့ ယူကရိန်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုထားတာပါ။ 

ယူကရိန်းရဲ့ ကြီးမာတဲ့ ဘတ်ဂျက်လိုငွေပြမှုကို ရပ်တန့်နိုင်ဖို့နဲ့ ဗဟိုဘဏ်မှာ ငွေရိုက်နှိပ်ပြီး ငွေကြေး သုံးစွဲမှု ဖိအားတွေလျှော့ချပေးဖို့အတွက် ပထမ (၁၂) လကနေ (၁၈) လအတွင်း လေးနှစ်ကြာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ IMF က ထုတ်ပြန်ထားပါတယ်။ 

ကျန်ရှိတဲ့ အစီအစဉ်တွေကတော့ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးနဲ့ စစ်ပြီးခေတ် ပြန်လည်တည် ဆောက်ရေးတို့အတွက် ယူကရိန်းရဲ့ ကမ်းလှမ်းမှုကို ထောက်ခံတာနဲ့ပတ်သက်ပြီး စောင့်ကြည့် သွားဖို့ရှိတယ်လို့ သိရပါတယ်။ 

IMF သဘောတူညီချက်ဟာ ယူကရိန်းအစိုးရအနေနဲ့ ခိုင်မာတဲ့ စီးပွားရေးမူဝါဒတွေကို လိုက်နာ ကြောင်း G-7 နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂအပါအဝင် အလားအလာရှိတဲ့ အလှူရှင်အစိုးရတွေကို သက်သေအထောက်အထားပြနိုင်တဲ့အတွက် ငွေကြေးပိုမိုသုံးစွဲနိုင်မှာဖြစ်တယ်လို့ မျှော်လင့်နေ ကြပါတယ်။ 

ဒီသဘောတူညီချက်အစီအစဉ်အတွင်း ယူကရိန်းနိုင်ငံရဲ့ နိုင်ငံတကာမိတ်ဖက်တွေဆီကနေ ကြီးမားတဲ့ ဘဏ္ဍာငွေ စုဆောင်းရာမှာ အထောက်အကူဖြစ်စေဖို့ မျှော်လင့်တယ်လို့ IMF အကြီး အကဲ ဂေဗင်ဂရေးက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ 

ယူကရိန်းအာဏာပိုင်တွေက ကောင်းမွန်တဲ့ စီးပွားရေးပေါ်လစီမှာ သူတို့ရဲ့ ကတိကဝတ်တွေကို သရုပ်ပြခဲ့ပြီး ပဏာမ ဆွေးနွေးမှုအတွင်း ရည်မှန်းထားတဲ့အချက်အားလုံးကို သဘောတူခဲ့ကြ တယ်လို့ IMF က ဆိုထားပါတယ်။ 

“အလွန်ပြင်းထန်တဲ့ မသေချာမရေရာမှုအခြေအနေတွေအောက်တွင် စစ်ဖြစ်နေသောနိုင်ငံအား အကူအညီခွင့်ပြုထားသော စည်းမျဉ်းအသစ်များအောက်တွင် ငွေချေးခြင်းဖြင့် ယခင် IMF ကျင့်သုံးခဲ့ပုံကို ကျော်လွန်သွားခဲ့တယ်” လို့ ပြောပါတယ်။ 

ယူကရိန်းစီးပွားရေးဟာ ၂၀၂၂ ခုနှစ်မှာ (၃၀)ရာခိုင်နှုန်း ဝန်းကျင်ကျုံ့သွားသလို အခွန်ငွေ ကျဆင်းလာချိန်မှာ စစ်အသုံးစရိတ်အကြီးအကျယ် တိုးမြှင့်ခဲ့တာလည်းပါဝင်ပြီးနောက် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ တခြားမဟာမိတ်တွေဆီကနေ ပြင်ပငွေကြေးထောက်ပံ့မှုနဲ့ ကြီးမားတဲ့ ဘတ်ဂျက်လိုငွေပြမှု ဖြစ်လာခဲ့တာပါ။ 

စစ်မဖြစ်ခင်က ယူကရိန်းဟာ သူတို့ရဲ့ ဘဏ်လုပ်ငန်းစနစ်ကို ပြုပြင်ပြောင်းလဲဖို့ အစိုးရနဲ့ စာချုပ် ချုပ်ဆိုရာမှာ ပိုမိုပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်ခဲ့ပေမယ့် Transparency International ရဲ့ အကျင့်ပျက်ခြစားမှု ရှုမြင်မှုညွှန်းကိန်းမှာတော့ နိုင်ငံပေါင်း (၁၈၀) မှာ ယူကရိန်းက အဆင့် (၁၂၂) မှာရှိနေပါတယ်။ 

ဒါပေမယ့် အစိုးရက အုပ်ချုပ်ရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အားကောင်စေဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပြီး စစ်ပြီးခေတ် သိသိသာသာ တိုးတက် မှုအတွက် အုတ်မြစ်ချခဲ့တယ်လို့ အကြိုညှိနှိုင်းဆွေးနွေးပွဲအပြီးမှာ ပြောခဲ့ပါတယ်။ 

Ref: San Francisco Chronicle

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.