မော်စကို၊ မတ်(၂၂)

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖမ်းဝရမ်းထုတ်ပြီးတဲ့နောက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)ကို အသံထက် မြန်တဲ့ဒုံးကျည်နဲ့ ပစ်လွှတ်ဖို့ ရုရှားလုံခြုံရေးကောင်စီမှာ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်က အကြံပြုခဲ့ပါတယ်။

“ကျွန်တော်အားနာပါတယ်။ လူကြီးမင်းတို့ရေ .. လူတိုင်းက ဘုရားသခင်နဲ့ ဒုံးကျည်တွေအတွက် တာဝန်ရှိပါတယ်” လို့ ရုရှားသမ္မတပူတင်ရဲ့ သစ္စာခံ မက်ဗီဒက်က Telegram မှာစာတိုတစ်စောင် ရေးသားခဲ့တာပါ။

သည်ဟိတ်မှာ ရှိတဲ့ တရားရုံးအဆောက်အဦးကို တိုက်ခိုက်ဖို့အတွက် မြောက်ပင်လယ်မှာ ရှိတဲ့ ရုရှားစစ်သ င်္ဘောကနေ အသံထက်မြန်တဲ့ အွန်းနစ်ဒုံးကျည်နဲ့ ဘယ်လိုပစ်လွှတ်ရမယ်ဆိုတာ စိတ်ကူးပုံဖော်ကြည့်လို့ ရပါပြီလို့ သူကဆိုပါတယ်။

သည်ဟိတ်က တရားရုံးဟာလည်း သနားစရာကောင်းတဲ့ နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပြီး တရားသူကြီးတွေ အနေနဲ့ ဝေဟင်ကို အနီးကပ်စောင့်ကြည့်နေဖို့ သတိပေးခဲ့သေးတာပါ။

ယူကရိန်းနိုင်ငံတဝှမ်းဒေသတွေက  ရုရှားကိုတရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ကလေးငယ်တွေ ကို ဥပဒေမဲ့ နှင်ထုတ်ခြင်းတွေ၊ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ရုရှားသမ္မတ ပူတင်ကို ICC က ပြီးခဲ့တဲ့သောကြာနေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ဒါ့အပြင် ရုရှားသမ္မတရုံးရှိ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မရှင်နာ မာရီရာ အလက်စကစ်နာ လဗိုဗာ ဘဲလ်လိုဗာကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

၁၃ လကြာစစ်ပွဲအတွင်း ကလေးငယ် ၁၆,၂၂၆ ဦးကို ဥပဒေမဲ့နှင်ထုတ်ခဲ့ကြောင်း ယူကရိန်းလူ့အခွင့်အရေး အကြီးအကဲ Dmytro Lubinets( ဒီမီထရို လူဗီနက်စ်) က ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတဘိုင်ဒင်ကတော့ ပူတင်ကို ဖမ်းဝရမ်းထုတ်လိုက်တာဟာ တရားမျှတမှုရှိကြောင်း၊ ပူတင် ဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာ ရှင်းရှင်းလင်းလင်းပဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
တခြားသော ရုရှားအရာရှိတွေကတော့ ICC မှ ထုတ်တဲ့ဖမ်းဝရမ်းကို အသိအမှတ်မပြုကြောင်း ပယ်ချခဲ့တာပါ။

မက်ဗီဒက်ဟာ ၂၀၂၃ခုနှစ်မှာ အမေရိကန်ပြည်တွင်းစစ် ဖြစ်ပွားမယ်ဆိုပြီး ဟောကိန်းထုတ်မှုတွေကို ပြုလုပ်ခဲ့တဲ့ သမိုင်းကြောင်းလည်းရှိသူဖြစ်ကာ ဂျူးလူမျိုးဖြစ်တဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးကိုလည်း နာဇီခေါင်း ဆောင် ဆိုပြီး အခုလအစောပိုင်းမှာ ခေါ်ဝေါ်သမုတ်ခဲ့သူလည်း ဖြစ်ပါတယ်။

Ref,Fox News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.