ရေစကြို – မတ်(၂၁)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာကြောင့် Myingyan Black Tiger ရဲ့ စခန်းစွန့်ခွာပေးလိုက်ရတယ်လို့ ဗိုလ်မိုက်ခဲက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၁၈) ရက်နေ့က စခန်းကို စွန့်ခွာပေးလိုက်ရတာ ဖြစ်ပြီး လက်ရှိမှာတော့ အင်အား (၂၀၀) ဝန်းကျင်ပါတဲ့ စစ်ကောင်စီ ဘီလူးကွန်မန်ဒိုတွေကို ခုခံဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီစစ်ကြောင်းနဲ့ MBT တို့ စစ်ရေးတင်းမာပြီးတိုက်ပွဲ ပြင်းထန်နေတာ သုံးရက်ရှိပါပြီ။ မတ်လ တစ်ဆယ့်ရှစ်ရက်နေ့မှာ ဌာနချုပ်စခန်းကို စွန့်ခွာပေးလိုက်ရတယ်။ ခုချိန်မှာတော့ မဟာမိတ်တွေရဲ့အကူညီနဲ့ စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်ဖို့ပြင်ဆင်နေပါတယ်။” လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ (၃) ရက်အတွင်း Myingyan Black Tiger အဖွဲ့ဘက်က ရဲဘော် (၂) ဦးဒဏ်ရာရရှိကာ အဲဒီထဲက တစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့ သိရပြီး စစ်ကောင်စီဘက်က တော့ (၆) ဦးထက်မနည်း သေဆုံးထားသလို အများအပြားထိခိုက်ဒဏ်ရာရရှိထားကြတယ်လို့ သူက ပြောပါသေးတယ်။

စစ်ကောင်စီရဲ့ အင်အား(၂၀၀) ဝန်းကျင်ပါတဲ့ စစ်ကြောင်းကို Myingyan Black Tiger အဖွဲ့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဗိုလ်ကြာစိဦးဆောင်တဲ့ Federal Army ၊ YSO ISA ၊ Yessagyo အဖွဲ့ တွေ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

မတ်လ(၁၈) ရက်နေ့ ညပိုင်းကလည်း ရေစကြိုမြို့နယ်၊ အမှတ်(၂) စည်ပင်သာယာရပ်ကွက် ရုံးပေါင်းစုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို Myingyan Black Tiger အဖွဲ့ကသွားရောက် တိုက်ခိုက်ခဲ့လို့ အများအပြား ထိခိုက်ဒဏ်ရာရိိသွားသလို သေဆုံးတာတွေရှိတယ်လို့ သိရပါ တယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Myingyan Black Tiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.