ဂျကာတာ – မတ်(၂၂) 

အင်ဒိုနီးရှားနိုင်ငံကို ပြည်ပဆေးဝါးကျွမ်းကျင်ပညာရှင်တွေ လာရောက်ပြီး လေ့ကျင့်ပေးဖို့နဲ့ အလုပ်လုပ်ကိုင်ခွင့်အတွက် ခွင့်ပြုပေးနိုင်ဖို့ အစိုးရက ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

ဒီဆောင်ရွက်မှုဟာ လူဦးရေ (၂၈၀) မီလျံရှိတဲ့ ကမ္ဘာ့လေးခုမြောက်အကျော်ကြားဆုံးနိုင်ငံ အတွင်း ကျန်းမာရေးဝန်ဆောင်မှု အရည်အသွေးနဲ့ လက်လှမ်းမီနိုင်ရေးအတွက် အားဖြည့်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ Strait Times သတင်းဌာနကို မတ်လ(၁၅) ရက်နေ့က ပြောဆိုမှုမှာတော့ စည်းမျဉ်းအသစ်တွေကို ထည့်သွင်းထားတဲ့ မူကြမ်းကို ဥပဒေအသစ်အဖြစ် ပါလီမန်မှာ ဆွေးနွေးနေတယ်လို့ ပြောခဲ့ပါတယ်။ 

“ပြိုင်ဆိုင်မှုက အ‌ရေးကြီးပါတယ်။ (ကျန်းမာရေး) ဝန်ဆောင်မှုများကို တိုးမြှင့်ဖို့ အလွန်ကို အရေးကြီးပါတယ်” လို့ သမ္မတက ပြောပါတယ်။ 

Health omnibus လို့ အမည်ရတဲ့ ဒီဥပဒေကြမ်းကို ဆွေးနွေးနေတဲ့ ပါလီမန်အဖွဲ့ဝင်တစ်ဦးက အားလုံးအဆင်ပြေမယ်ဆိုရင် ပါလီမန်အနေနဲ့ ဧပြီလ အကုန်မှာ ဥပဒေအဖြစ်အတည်ပြုနိုင် မှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

ပြည်ပဆရာဝန်တွေအနေနဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေပိုင်ဆိုင်တဲ့ ဆေးရုံတွေမှာ အလုပ်လုပ်ကိုင် ရမယ့် အချက်ကို လိုက်နာရမှာဖြစ်သလို ဒေသတွင်း ကောလိပ်တွေမှာလည်း အသိပညာမျှဝေ ပေးရမှာဖြစ်ပါတယ်။ 

“ပြည်ပကျွမ်းကျင်ပညာရှင်များကို ခေါ်ဆောင်ရတဲ့ အဓိကရည်ရွယ်ချက်မှာ နိုင်ငံရပ်ခြားကို ဆေးကုဖို့ သွားသွားနေကြတဲ့ အလယ်အလတ်တန်းစားနှင့် လူချမ်းသာတွေ ခြေရှုပ်နေတာကို တားမြစ်ဖို့လည်း ဖြစ်တယ်”လို့ အမည်မဖော်လိုတဲ့ ပါလီမန်အမတ်က ပြောခဲ့ပါတယ်။ 

အမျိုးသားရေးသားတွေကတော့ ပြည်ပဆရာဝန်တွေကို ခွင့်ပြုပေးတာနဲ့ပတ်သက်ပြီး ၁၉၉၈ ခုနှစ်မှာ အင်ဒိုနီးရှားဟာ ဘဏ်လုပ်ငန်း ကဏ္ဍကိုဖွင့်ပေးလိုက်ချိန်က သက်ဆိုင်ရာ လုပ်ငန်းရဲ့ လုပ်နိုင်စွမ်းကို နိုင်ငံခြားသား ဘဏလုပ်ငန်းရှင်တွေ လွှမ်းမိုးသွားမှာ စိုးရိမ်ခဲ့ရသလို လုံးဝ မဖြစ် မြောက်ခဲ့ ဘူးလို့လည်း ပြောထားပါတယ်။ 

“သဘောတရားအရ ဆေးရုံများက ပြည်ပဆရာဝန်များကို ငှားပြီး နိုင်ငံအတွင်းမှာ ထိထိရောက် ရောက်လည်ပတ်နိုင်တာမျိုးမရှိသေးပါဘူး။ သူတို့က ၃ ယောက်မှ ၅ ယောက်လောက်အထိပဲ ခေါ်လာခဲ့ပါတယ်” လို့ ပါလီမန်သတင်းရင်းမြစ်က ပြောပါသေးတယ်။ 

အတည်ပြုပြဌာန်းမယ့် ဥပဒေသစ်အရ နိုင်ငံခြားသားဆေးဝါးကျွမ်းကျင်ပညာရှင်တွေဟာ (၃) နှစ်အလုပ်လုပ်ရမှာဖြစ်ပြီး (၁) ထပ်မံသက်တမ်းတိုးခွင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.