ကော်သူးလေ – မတ်(၂၁)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ အမှတ် (၃) နဲ့ ဒေါနစစ်ကြောင်းတို့ ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်း (၉) ကြောင်းက ရဲဘော်တွေကို လက်နက်ကြီး အခြေခံမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဒီနေ့ မတ်လ(၂၁) ရက်နေ့က သင်တန်းဆင်းအခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းရဲဘော်တွေက ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကို အလေးပြုတာ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေကို အလေးပြုတာနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော်ရဲ့ သစ္စာအဓိဌာန်(၄) ချက်ကို ရွက်ဆိုတာနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူ တွေက ဂုဏ်ပြုစကားပြောတာတွေ လုပ်ခဲ့ပါတယ်။

ဒါ့အပြင် နဂါးဖြူစစ်ကြောင်းမှ ရဲဘော်တစ်ဦးက သင်တန်းဆရာတွေနဲ့ ရဲဘော်ရဲဘက်တွေ အတွက် သင်တန်းကာလအတွင်း သူကိုယ်တိုင် ရေးစပ်ထားတဲ့ ဂုဏ်ပြုကဗျာ ရွတ်ဆိုပေး ခဲ့ပြီး အရေးကြီးပြီ သီချင်းနဲ့ အခမ်းအနားအစီအစဉ်ကို အောင်မြင်စွာ ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ​ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.