သည်ဟိတ်ချ်ကို ဒုံးကျည်နဲ့ပစ်မယ်လို့ ရုရှားလုံခြုံရေးကောင်စီ ဒုဥက္ကဌ ခြိမ်းခြောက်
မော်စကို၊ မတ်(၂၂) ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖမ်းဝရမ်းထုတ်ပြီးတဲ့နောက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)ကို အသံထက် မြန်တဲ့ဒုံးကျည်နဲ့ ပစ်လွှတ်ဖို့ ရုရှားလုံခြုံရေးကောင်စီမှာ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်က အကြံပြုခဲ့ပါတယ်။ “ကျွန်တော်အားနာပါတယ်။ လူကြီးမင်းတို့ရေ .. လူတိုင်းက ဘုရားသခင်နဲ့ ဒုံးကျည်တွေအတွက် တာဝန်ရှိပါတယ်” လို့ ရုရှားသမ္မတပူတင်ရဲ့ သစ္စာခံ မက်ဗီဒက်က Telegram မှာစာတိုတစ်စောင် ရေးသားခဲ့တာပါ။…