ပေကျင်း – မတ်(၂၁) 

ကြီးထွားလာတဲ့ သံတမန်ရေး ဩဇာအာဏာကို ပြသဖို့နဲ့ အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာကိုစိန်ခေါ် ဖို့ ရည်ရွယ်ချက်နဲ့ တရုတ်သမ္မတ ရှီကျင်ဖျင်ဟာ ဒီသီတင်းပတ်အတွင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ အစည်းအဝေးကျင်းပဖို့ ကရင်မလင်နန်းတော်ကိုသွားဖို့ရှိနေပါတယ်။ 

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေပွဲတွေ မြှင့်တင်နိုင်ဖို့ အပြုသဘောဆောင်တဲ့ အခန်း ကဏ္ဍမှာ ပါဝင်ဖို့သမ္မတရှီက ထင်မြင်ထားပြီး ဘေဂျင်းဟာ ဒီခရီးစဉ်ကို ငြိမ်းချမ်းရေး ခရီး အဖြစ် ဖော်ပြထားတာပါ။ 

ဆော်ဒီနဲ့ အီရန်တို့ကြား သံတမန်ဆက်ဆံရေး ပြန်လည်ရရှိဖို့ ကြားခံကူညီပေးခဲ့တဲ့ တရုတ်အစိုးရ ဟာ သူတို့ရဲ့ သံတမန်အောင်မြင်ခဲ့ပြီးနောက်တစ်ရက်မှာ ဒီခရီးစဉ်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါ တယ်။ 

ရုရှားရဲ့ ယူကရိန်းကလေးငယ်တွေကို ဥပဒေမဲ့ ပြည်နှင်ဒဏ်ပေးခဲ့တဲ့အတွက် နိုင်ငံတကာတရား ရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက်တရုတ်ခေါင်းဆောင်က စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံထား ရတဲ့ သမ္မတပူတင်ကို အချစ်ဆုံးသူငယ်ချင်းအဖြစ် သတ်မှတ်ထားပြီး မိတ်ဖက် ဆက်ဆံရေးကိုလည်း တိုးမြှင့်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

ရှီရဲ့ ခရီးစဉ်ဟာ မဟာမိတ်အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုတွေကြောင့် စီးပွားရေး အကျပ်အတည်းနဲ့ တွေ့နေရသလို ထောက်ပံရေးပစ္စည်း ပြတ်လပ်နေတဲ့ စစ်တပ်ကို ပိုင်ဆိုင်ထားတဲ့ ရုရှားနဲ့ အထီးကျန်နေတဲ့ ပူတင်ကို ပြတ်ပြတ်သားသားထောက်ခံမှုပေးသလိုဖြစ်နေတယ်အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ထင်နေကြပါတယ်။ 

ဒါ့အပြင် တရုတ်အစိုးရက ရုရှားစစ်တပ်ကို အကူအညီပေးနေတယ်လို့ အနောက်အုပ်စုရဲ့ ပြောဆိုတာတွေကိုလည်း တရုတ်က ငြင်းဆန်ထားပါတယ်။ 

ရုရှားစစ်တပ်ကိုလက်လက်ထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး တရုတ်က ရှေ့တိုးဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်တာတွေလုပ်နေတယ်လို့ အမေရိကန် အာဏာပိုင် တွေက ပြောထားသလို ယူကရိန်းကလည်း တရုတ်ကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဆိုပါ တယ်။ 

“တရုတ်အစိုးရက ယခုလို ကြောက်မက်ဖွယ်ကောင်းတဲ့စစ်ပွဲအတွင်းမှာ ကြံရာပါ မဖြစ်လာဖို့ ကိုတော့ အမှန်တကယ်မျှော်လင့်ပါတယ်။ ပြီးတော့ ဒီခရီးစဥ်မှာ နိုင်ငံတကာရာဇဝတ်ရုံးကနေ တရားဝင် သံသရ ဖြစ်ထားတဲ့ လူတစ်ဦးနှင့် အစည်းအဝေးတစ်ရပ်ကို ကျင်းပတော့မှာပါ” လို့ ဝါရှင်တန်အခြေစိုက် ယူကရိန်း သံအမတ်က CNN သတင်းဌာနကို ပြောခဲ့ပါတယ်။ 

Ref: CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.