ပြုံယမ်း – မတ်(၂၁)
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ တိုးချဲ့နေတယ်လို့ စွပ်စွဲပြီး နောက် စစ်ပွဲတွေဟန့်တားဖို့အတွက် နျူကလီးယား နဲ့တုံ့ပြန်ဖို့ အသင့်ရှိနေရမှာဖြစ်တယ်လို့ ခေါင်းဆောင် ကင်ဂျုံအွန်က ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မြောက်ကိုရီးယားရဲ့ ရန်သူတွေကို နျူကလီးယား တန်ပြန် တိုက်ခိုက်မှုပြုလုပ်ဖို့ စစ်ဆင်ရေး လေ့ကျင့်မှုအပြီးမှာ ကင်က ပြောခဲ့တာဖြစ်ပြီး လေ့ကျင့်ရေး ကြောင့် စစ်ပွဲစွမ်းရည်တွေကို သိသိသာသာမြှင့်တင်ပေးခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။
မတ်လ(၁၉) ရက်နေ့က ပစ်လွှတ်ခဲ့တဲ့ ပုံစံတူ နျူကလီးယားထိပ်ဖူးတပ်ဆင်ထားတဲ့ မြောက်ကိုရီး ယား ပဲ့ထိန်းဒုံးကျည်တစ်စင်းဟာ အမြင့်ပေ(၈၀၀) မီတာက ပစ်မှတ်ကို မထိခင်မိုင်(၅၀၀) အကွာ အဝေးကို ပျံသန်းသွားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို မျှော်လင့်မထားတဲ့ အခြေအနေတွေ နဲ့ ရင်းနှီးကျွမ်းဝင်စေဖို့နဲ့ အချိန်မရွေး ကြီးမားတဲ့ နျူကလီးယား တန်ပြန်တိုက်ခိုက်မှုပြုလုပ်ဖို့ ပိုမို ပြီးပြည့်စုံအောင် ပြင်ဆင်နိုင်စေတယ်လို့ သိရပါတယ်။
“တကယ့်စစ်ပွဲအသွင်ဆောင်သည့်အခြေအနေများအောက်တွင် ထိုသို့သော စစ်ရေး လေ့ကျင့်မှု များကို စဉ်ဆက်မပြတ် လုပ်ဆောင်ရန် အလွန်အရေးကြီးတယ်” လို့ မြောက်ကိုရီးယားခေါင်း ဆောင် ကင်က ပြောခဲ့ပါတယ်။
နှစ်နိုင်ငံရဲ့ အကြီးမာဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ “Freedom Shield” ဟာ မတ်လ(၁၉) ရက်နေ့က အမေရိကန်ရဲ့ ဗျူဟာမြောက်ဗုံးကြဲလေယာဉ်တွေ တောင်ကိုရီးယား တပ်ဖွဲ့တွေနဲ့အတူ ပူးတွဲလေကြောင်းလေ့ကျင့်မှုတွေမှာ ပါဝင်ခဲ့ပြီးနောက် မြောက်ကိုရီးယားက သူတို့ရဲ့ နျူကလီးယား တန်ပြန်တိုက်ခိုက်တဲ့ ပုံစံကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန် B-1B ဗျူဟာမြောက် ဗုံးကြဲလေယာဉ်၊တောင်ကိုရီးယား လေတပ်ရဲ့ F-35A ကိုယ်ပျောက်တိုက်လေယာဉ်တွေနဲ့ အမေရိကန် F-16 တိုက်လေယာဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ အမေရိကန်ရဲ့ နျူကလီးယားပိုင်ဆိုင်မှုတွေပါဝင်တဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တိုးချဲ့နေပြီး ရန်လိုတဲ့ လုပ်ဆောင်မှုတွေပိုမိုထင်ရှားလာတယ်လို့ ကင် က စွပ်စွဲခဲ့ကာ မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့ နျူကလီးယားစစ်ပွဲ ဟန့်တားမှုအစီအစဉ်ကို ပိုမို မြှင့်တင်ဖို့ အသိပေးထားတယ်လို့ KCNA မှာဖော်ပြထားပါတယ်။
“စစ်ရေးလေ့ကျင့်မှုဟာ သူ့ရဲ့ အရေးကြီးတဲ့ စစ်ပွဲဟန့်တားရေးမစ်ရှင်ကို ကျွန်တော်တို့ရဲ့ နျူကလီးယား တိုက်ခိုက်ရေး တပ်ဖွဲ့မှ မြန်မြန်ဆန်ဆန်နဲ့ တိကျစွာ စွမ်းဆောင်နိုင်ဖို့ ပြင်ဆင်ရာ မှာ အရေးကြီးတဲ့ အချိန်အခါ အမှတ်အသားပြုခဲ့တာ” လို့ ကင်ဂျုံအွန်ရဲ့ ပြောဆိုချက်ကို နိုင်ငံပိုင် မီဒီယာမှာ ဖော်ပြထားပါတယ်။
Ref:CNN