ဝါရှင်တန်၊ မတ်(၁၉)
အမေရိကန် ထောက်လှမ်းရေး ဒရုန်းတစ်စင်းကို ပြီးခဲ့တဲ့အင်္ဂါနေ့က ရုရှားတိုက်လေယာဉ်တစ်စီးက ကြားဖြတ် ဟန့်တားနှောင့်ယှက်တာကြောင့် ပျက်ကျခဲ့ပေမယ့် ပင်လယ်နက်ဒေသမှာ မောင်းသူမဲ့လေယာဉ်တွေ ဆက် လက်စေလွှတ်နေမှာ ဖြစ်ကြောင်း အမေရိကန်အရာရှိနှစ်ဦးက မတ် ၁၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
RQ-4 Global Hawk အမည်ရတဲ့ အမေရိကန်ထောက်လှမ်းရေး ဒရုန်းတစ်စင်းဟာ မနေ့ညက ပင်လယ်နက် ဒေသကို မစ်ရှင်တစ်ခုဖြင့် ပျံသန်းခဲ့ကြောင်း၊ ဒီပျံသန်းမှုဟာ အင်္ဂါနေ့ အဖြစ်အပျက်နောက်ပိုင်း ပထမဆုံးသော မောင်းသူမဲ့လေယာဉ် ပျံသန်းမှုဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်က တာဝန်ရှိသူတွေကတော့ အခုသီတင်းပတ်တွင်း အဲဒီဖြစ်ရပ်ကြောင့် ဝါရှင်တန်ရဲ့ ဒရုန်းပျံသန်းခြင်းကို ရပ်တန့်မှာမဟုတ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း ယူကရိန်းစစ်ပွဲ စတင်ကတည်းက အမေရိကန် MQ-9 မောင်းသူမဲ့လေယာဉ်ကို အင်္ဂါနေ့က ပစ်ချခဲ့တာဟာ အမေရိကန် နဲ့ ရုရှားကြား ပထမဆုံး တိုက်ရိုက်ဖြစ်ရပ်ဖြစ်ပြီး နှစ်နိုင်ငံစလုံးက လူသိရှင်ကြား အပြစ်တင်ပြောဆိုမှုတွေကြောင့် ဝါရှင်တန်နှင့် မော်စကိုကြားက တင်းမာနေတဲ့ ဆက်ဆံရေးကို ပိုမိုဆိုးရွား စေခဲ့ပါတယ်။
ရုရှားရဲ့ Su-24 တိုက်လေယာဉ်နှစ်စင်းဟာ မောင်းသူမဲ့ အမေရိကန်လေယာဉ်တစ်ဝိုက်တွင် မဆင်မခြင် ပြုမူခဲ့ကြောင်း အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို ရုရှားက ငြင်းဆိုထားပြီး ပျက်ကျမှုအတွက် မောင်းသူမဲ့လေ ယာဉ်မှ တရှိန်ထိုး မောင်းနှင်ခဲ့တာဆိုပြီး အပြစ်တင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း လည်း ပင်တဂွန်စစ်ဌာနချုပ်က ရုရှား Su-27 တိုက်လေယာဉ်တစ်စင်းမှ ဒရုန်းရဲ့အနီးမှာ လောင်စာဆီတွေ စွန့်ပစ်နေမှုကို ပြသနေတဲ့ ဗီဒီယိုဖိုင်ကို ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပြီး ပျံသန်းနေစဉ် အမေရိကန် လေယာဉ်ကို ပျက်စီးစေဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောကြား ခဲ့ပါတယ်။
ဒါ့အပြင် ရုရှားဂျက်လေယာဉ်နဲ့ ဒရုန်းတို့ တိုက်မိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အနီးကပ် တိုက်ခိုက်ခံရမှုအပြီး ဗီဒီယိုဖိုင်ထဲမှာ ပျက်ဆီးဆုံးရှုံးမှုကို ပြသခဲ့ပါတယ်။
နိုင်ငံတကာ ရေပိုင်နက်အတွင်း အဲဒီဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က မော်စကိုမှ ကျူးကျော်ဝင် ရောက်ခဲ့ တဲ့ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှားတို့ တိုက်ရိုက်ထိပ်တိုက်တွေ့မယ့် အန္တရာယ်ကို နှိုးဆွ လိုက်တာလည်း ဖြစ်ပါတယ်။
Ref: CNA